19 U/Z

744 17 0
                                    

Uni

"အပိုင်း ၁၉"

"ဂုဏ် မင်းအဲ့လောက်ပျော့ညံ့ရလားကွာ"

သူငယ်ချင်းဖြစ်သူ ဝေခန့်၏ စကားကြောင့် ဂုဏ် စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းကို ရှိုက်လိုက်ပြီး

"အချစ်ကြီးသူက အမြတ်ကြီးတယ်တဲ့။ ဒါကြောင့်ထင်တယ်။ ဘေဘီက ငါ့ကို ခါးခါးသီးသီးဖြစ်သွားတာ နေမယ်"

သူ မျက်ဝန်းတို့မှာ မျက်ရည်တွေ ပြည့်နေခဲ့သည်။ သူရင်ထဲမှာ နာကျင်လွန်း၍ မည်သို့သော အရာတို့ကမှ ဖြေဆေး မဖြစ်နိုင်ခဲ့ပေ။ သူ ဘေဘီကို ချစ်မိကာမှ ဘေဘီသည် သူ့ကို ခါးခါးသီးသီး မုန်းနေခဲ့သည်။ အချစ်သည် လူတစ်ယောက်ကို ရှင်လတ်လတ်ငရဲကျစေသည်။ ထိုကဲ့သို့ နားလည်လိုက်သည့်အခါ သူနှလုံးသားတို့သည် ထုံကျင်လာခဲ့ရသည်။

"မင်း ဘေဘီကို တကယ်ချစ်မိသွားတာလား"

"အင်း တကယ်ချစ်မိသွားတာ"

ဝေခန့်နှင့် စကားတွေ အကြာကြီး ပြောဖြစ်ခဲ့သည်။ လေဘီကို ချစ်တဲ့အကြောင်းတွေလည်း ပြောဖြစ်ခဲ့သည်။ ချစ်ခဲ့ပြီဆိုမှ ချစ်ရသူ၏ အမုန်းရင့်မှုသည် သူနှလုံးသားကို ပြိုလဲစေခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~

"ပြန်စဥ်းစားပါဦး သမီးရယ်"

တောင်းပန်သော မျက်ဝန်းတို့ဖြင့် သူမကို စကားတွေဆိုနေသော သူ့ မာမီ။ ထိုအကြည့်တွေကို သူမ ရင်မဆိုင်ချင်ပါ။

"ဘေဘီကို နားလည်ပေးပါ မာမီ။ ဘေဘီလေ မာမီကို ချစ်ပါတယ်။ ဒါပေမဲ့ ဘေဘီ ဘယ်လိုမှ ဒီမှာဆက်ပြီး မနေနိုင်တော့လို့ပါ မာမီရယ်။ ဘေဘီမှာ တွယ်တာစရာ မေမေလည်း မရှိတော့ဘူးလေ"

ဘေဘီ အသံက ဝမ်းနည်းမှုတွေ လှိုက်ဖြာနေသည်။ မြန်မာပြည်ကို သူမ မခွဲချင်ပါဘူး။ ဒါပေမဲ့ သံယောဇဥ် ဆက်ထုံးတွေကို သူမ ဆက်ပြီး မထားချင်တော့ပေ။ နာကျင်ရတယ်။ နှလုံးသားနုနုလေးက သူနှင့် ပတ်သတ်လာခဲ့တိုင် မတည်မငြိမ်ဖြစ်နေဆဲဖြစ်သည်။ နာကျင်ရသည့် နှလုံးသားသည် အစားထိုးဖို့ပင် လွန်စွာခက်ခဲနေခဲ့သေးသည်။

"မာမီရှိတယ်လေ သမီးရယ်။ မာမီကို သမီးရဲ့ အမေ အဖြစ် သဘောထားပေးလို့ မရဘူးလားကွယ်"

နှလုံးသားကိုရင်း၍Where stories live. Discover now