21 U/Z

72 4 0
                                    

Uni

"အပိုင်း ၂၁"

အေးစိမ့်သည်ရာသီဥတုနှင့်အတူ တောင်ကြီးမြို့ကို ဘေဘီတို့ ရောက်လာခဲ့သည်။ တိုင်းက သူ အသိတစ်ယောက်၏ အိမ်ကိုလာခဲ့ကြသည်။ ထိုအိမ်မှတဆင့် လုံးချင်းအိမ်လေးငှားရမ်းခဲ့ကြသည်။

"ဒီ အိမ်လေးက နင်အတွက် အဆင်ပြေမှာပါ ဘေဘီ"

လုံးချင်းအိမ်ကေို ဘေဘီ သဘောကျစွာ ကြည့်ရင်း

"သဘောကျတယ် ဆိုတာထက် ပိုပါတယ် တိုင်း။ ငါ ကြိုက်တယ်"

"နင်နဲ့ မီးမီးလေးအတွက် အဆင်ပြေပြီ ဆိုရင် ငါ ဂျပန် ခဏပြန်ဦးမယ်။ မကြာပါဘူး။ ငါ ပြန်လာခဲ့မယ်"

"အေးပါဟာ"

တိုင်းသည် ဘေတို့ သားမိနှစ်ယောက်ကို နေစရာစီစဥ်ပေး၍ သူကတော့ ဂျပန်ရှိ အလုပ်တွေကြောင့် ဂျပန်ကို ပြန်သွားခဲ့သည်။

အချိန်ယန္တရားကြီးက ပုံမှန်လည်ပတ်နေခဲ့သည်။ ဘေဘီသည်လည်း သူနှင့် တစ်ညတာအိပ်စက်ခဲ့သော အခြေအနေမှ ရရှိလာသော ဒုတိယရင်သွေးကို လွယ်ထားရသည်။

"ဟယ်လို ဘေဘီမ "

ဂျပန်မှ ရှိနေသော တိုင်းသည် ဘေဘီနှင့် သမီးကို  စိတ်ပူကာ နေ့စဥ်ဖုန်းဆက်ခဲ့သည်။ သူမသည်လည်း လက်ရှိ ရှိနေသော ဘဝလေးတွင် သမီးလေးနှင့် နေသားကျအောင် ကြိုးစားနေထိုင်ခဲ့သည်။

"ငါ အဆင်ပြေပါတယ် တိုင်း။ နင် ပြန်လာအုံးမှာလား"

"နင် မွေးခါနီးရင် ငါ ပြန်လာမယ်လေ"

"ကျေးဇူးတင်ပါတယ် တိုင်းရယ်"

တိုင်းသည် သူမအပေါ် အရာရာနားလည်ပေးခဲ့သည်။ သူမမှာ ကိုယ်ဝန်ရှိလာသည့်အချိန်တွင် လက်ထပ်ခွင့် တောင်းခဲ့သည်။ သို့သော် သူမသည် ထိုလက်ထပ်ခွင့်ကို သူမ ငြင်းပယ်ခဲ့သည်။ ဒါဟာ သူမ နှလုံးသားက မချစ်သင့်သည့်သူကိုမှ သစ္စာရှိစွာ ချစ်နေမိခြင်းကြောင့် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~

"အာ မာမီ အစျစ်လေး မန်းမန်းစားရအောင်နော်"

လမ်းလျှောက်နေပြီ ဖြစ်သော သမီးလေးကို မီးဖိုခန်းထဲအထိ ဘေဘီခေါ်လာခဲ့သည်။ သမီးလေးသည် ဘေဘီနေညက်သို့ ကွတတလေးဖြင့် လိုက်လာခဲ့သည်။ သူမသည် သမီးလေးကို ထိုင်ခုံပေါ်ပွေ့ချီလိုက်ပြီး  ကြက်သားကြော်နှင့် ထမင်းဆီဆမ်းကာ နှယ်၍ ခွံ့​ကျွေးလိုက်မိသည်။  ဒီလောက် ချစ်စရာကောင်းသည့်သေးသေးလေးကို သူ့ ဒယ်ဒီက မလိုချင်ခဲ့ဘူးတဲ့လား။ ထိုအကြောင်းအရာကို တွေးမိသည့်အခါ ရင်ဘက်ထဲက စူးအောင့်လာရလေသည်။

နှလုံးသားကိုရင်း၍Where stories live. Discover now