18 U/Z

806 17 0
                                    

Uni

"အပိုင်း ၁၈"

ထိုနေ့ကို ဘေဘီဘယ်သောအခါမှ မမေ့ခဲ့ပါ။ မေမေဆုံးသွားပြီ ဆိုသော သတင်းကြောင့် ဘေဘီ မြန်မာပြည်ကို ပြန်လာခဲ့ရသည်။ မိခင်၏  နာရေးကို ပြန်လာခဲ့ရသည့်အခါ သူမရင်ထဲ နာကျင်မှုသည် ရင်နှင့်မဆံ့အောင်ဖြစ်သည်။  မေမေသည် နောက်ဆုံး ထွက်သက်အချိန်မှာပင် သမီးဖြစ်သူကို မြင်တွေ့ခွင့် မရခဲ့ပေ။ မေမေသည် သူမကို တမ်းတရင်း နောက်ဆုံးအချိန်ကို ခါးသီးစွာ ဖြတ်သန်းခဲ့ရရှာသည်။  မေမေထိုသို့ ဖြတ်သန်းနေခဲ့ရသည်ကို သူမသည် ဥပေက္ခာပြုထားခဲ့သည်။ မေမေ၏ နောက်ဆုံးနေဝင်ချိန်အတွင် အနားမှာ မရှိခဲ့သော သူမ အဖြစ်က ပြန်တွေးရင်ပင် ရင်နာစရာကောင်းလှသည်။

"မေမေ"

သုသာန်မှာ မီးသင်္ဂြိုဟ်တော့မည့် မေမေ ရုပ်အလောင်းကို ကြည့်ပြီး ဘေဘီ အသည်းနှလုံးတွေ တစ်စစီမွခြေခံရသလို နာကျင်ခဲ့ရသည်။

"မေမေ သမီး အမိုက်မကို ခွင့်မလွှတ်ပါနဲ့ မေမေရယ်"

ငိုရလွန်း၍ မျက်ဝန်းတွေ ဖောင်းမို့နေသော ဘေဘီကို တိုင်းက ကြင်နာစွာ ထွေးဖက်ထားမိသည်။ တော်သေးသည် ဘေဘီဘဝမှာ ဘယ်သူမှ မရှိတော့ဘူးဟု ထင်မိသည့်အချိန်တွင် တိုင်းသည် အနားမှာ ရှိပေးခဲ့သည်။ တိုင်းသည်သာ ဘေဘီအတွက် အဖော်မွန်ကောင်းအဖြစ်ကျန်ရစ်ခဲ့လေသည်။

ဘေဘီသည် မေမေရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပြီးသည့်အထိ တိုင်းရင်ခွင်မှာ မျက်နှာအပ်ငိုမိသည်။ နာကျင်နေချိန် ပြိုလဲနေချိန်တို့တွင် ဘေဘီသည် တိုင်းကိုသာ အားကိုးခဲ့မိသည်။

သူမတို့ကို အဝေးက ရပ်ကြည့်နေသူ တစ်ဉီးကိုတော့ မမြင်မိပါသည်။ ထိုလူသည် အခြားလူမဟုတ်။ သူမချစ်ရပါသော ဉီး ဖြစ်သည်။ ဂုဏ်သည် တစ်ပါးသူရင်ခွင် မျက်နှာအပ်ငိုနေရှာသော ချစ်ရသူကိုငေးကြည့်ရင်နာနေရသည်။ အမှန်ဆို ဒီနေရာမှာ သူရှိနေရမည် မဟုတ်လား။ အခုတော့ ချစ်ရပါသော မိန်းကလေးက အခြားသူရဲ့ ရင်ခွင်မှာ ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်စွာ ငိုနေရှာသည်။ အခုချိန်မှာ သူသည် သူမအားငေးကြည့်နေရုံသာ တတ်နိုင်သည်။ အနားမှာရှိတုန်း တန်ဖိုးမထားခဲ့မိသမျှ အခုမှ သူနောင်တအကြီးအကျယ်ရမိလေသည်။
~~~~~~~~~~~~~~~~~~~~~~~~

နှလုံးသားကိုရင်း၍Where stories live. Discover now