22 U/Z

77 5 0
                                    

Uni

"အပိုင်း ၂၂"

အတိတ်ကို ပြန်တွေးရင်း ဘေဘီ မျက်ရည်တွေ ကျလာရသည်။ မိခင်တစ်ဦး၏ ခံစားချက်ကို မည်သူက ကိုယ်ချင်းစာနိုင်မည်နည်း။ ကိုယ့်ရင်သွေး၏ ငိုသံကို ကြားလိုက်ရပြီး ကိုယ့်ရင်သွေး သေဆုံးပြီ ဟူသော အသိက မည်သို့မျှ လက်ခံနိုင်စရာမရှိပေ။ သူမ မယုံခဲ့သလို တိုင်းသည်လည်း မယုံခဲ့ပေ။

ဂျပန်မှာ ရှိနေစဥ် ထိုကိစ္စကို အစပြန်ဖော်သူက တိုင်း ဖြစ်သည်။ ထိုနေ့က တိုင်းတစ်ယောက် ဘေဘီ ဆေးရုံရောက်နေပြီ ဟူသော သတင်းစကားကြောင့် အရေးကြီးအစည်းအဝေးကိုပင် ဖျက်၍ ဂျပန်မှ မြန်မာပြည်သို့ ပြန်ပြေးလာခဲ့သည်။ သူ ဆေးရုံကို ရောက်သည့်အချိန်တွင် ကလေးသေဆုံးပြီ ဟူသော သတင်းကိုသာ ကြားခဲ့ရသည်။ ကလေးလေးကို သူအမေ ဗိုက်ထဲရှိစဥ်ကတည်းက သူ အဝေးမှ ချစ်ခဲ့ရသည်။ မမွေးခင်အချိန်အထိ ကောင်းကောင်းမွန်မွန်ရှိနေသော ကလေးလေးက သေဆုံးသွားပြီဟူသော စကားက တိုင်း မယုံကြည်နိုင်သော သတင်းစကားဖြစ်နေခဲ့သည်။ ထိုအတွက်ကြောင့် သူသည် ဂျပန်သို့ ဘေဘီတို့ သားမိကို ပြန်ခေါ်သွားသော်လည်း မြန်မာပြည်ရှိလူတို့ကို တိတ်တဆိတ်စုံစမ်းခဲ့လေသည်။ သူ မသင်္ကာဖြစ်နေသော လူတို့ကို တိတ်တဆိတ်စုံစမ်းခဲ့ပြီး မသေချာသေသဖြင့် ဘေဘီကို သူဖွင့်မပြောဖြစ်သေးခြင်း ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~

"ထိုင်ပါ ဦးမျိုးဂုဏ်ရောင်"

တိုင်း ချိန်းဆိုထားသည့် စားသောက်ဆိုင်ကို ရောက်လာသူက မျိုးဂုဏ်ရောင် ဖြစ်သည်။ တိုင်းသည် မျိုးဂုဏ်ရောင်နှင့် တွေ့ဆုံရန် ချိန်းဆို၍  ထိုစားသောက်ဆိုင်၏ VIP အခန်းတွင် တိတ်တဆိတ်တွေ့ဆုံခဲ့သည်။ 

"မင်း ငါ့ကိုတွေ့ချင်တာ ဘာကိစ္စလဲ"

တိုင်းက သူမျက်နှာကို သေချာကြည့်ပြီး

"ခင်ဗျား ဘေဘီနဲ့ တွေ့ပြီး စကားပြောကြည့်ဖို့ မကြိုးစားချင်ဘူးလား"

တိုင်း၏ ထိုမေးခွန်းသည် သူရင်ကို အရှိန်ပြင်းစွာ ရိုက်ခက်သွားခဲ့သည်။ သူ ဘေဘီကို ဘယ်လောက်ထိ တွေ့ချင်နေလဲဆိုတာ သူ့ကိုယ်သူသာ သိနေသည်။ ဘေဘီကို တွေ့ရဖို့ ကြိုးစားချင်သော်လည်း လက်ရှိသူရင်ဆိုင်နေရသော ပြဿနာတွေပြီးမှသာ ဘေဘီကို တွေ့ရန် ကြိုးစားချင်သည်။

နှလုံးသားကိုရင်း၍Where stories live. Discover now