4 U/Z

405 19 0
                                    

Uni

အပိုင်း  ၄
        💕💕💕💕💕💕💕💕💕

ဘေဘီ  ဦးနဲ့  မျက်နှာချင်းပင်  မဆိုင်မိအောင်  နေခဲ့လေသည်။
ဦးကို  ဘေဘီ ရှောင်ဖြစ်အောင်  ရှောင်ခဲ့လေသည်။
ဦးကတော့ ဘေဘီကိုပင် ဂရုစိုက်ဟန်မပေါ်ပေ။

ဘေဘီ ဒီနေ့  သူငယ်ချင်း တိုင်းနဲ့ အတူ  အပြင်လျှောက်လည်သွားဖြစ်လေသည်။

သူကို ခေါ်ရင် လိုက်ပို့မှာမှ   မဟုတ်တာ။ ဘေဘီရဲ့ ပျော်ရွှင်ခြင်းကို ဘေဘီ ကိုယ်တိုင်ရှာကြံခဲ့ရလေသည်။

"ဘေဘီ  ပျော်လား"

တိုင်းက  သူမကို ကြည့်ပြီးမေးလိုက်လေရာ

"ပျော်တာပေါ့  တိုင်း  ရယ်   အခုလို လျှောက်မလည်ရတာ  ကြာပြီလေ"

"အေးပါ  နင်ပျော်ရင်ပြီးတာပါပဲ"

တိုင်း  နှင့် သူမ ရယ်မောစွာ စကားတွေ  ပြောရင်  ပျော်မြူးနေလေသည်။
တိုင်း ပြုံးရွှင်နေသော သူမ မျက်နှာလေးကို ငေးကြည့်ရင်း

"ဘေဘီရယ်  နင့်ကို အဲ့လိုပျော်နေတာလေးပဲ မြင်ချင်ပါတယ်  နင်ပျော်နေရင် ငါ့လည်းပျော်ပါတယ်ဟာ"

တိုင်း ထိုစကားစုတစ်ရပ် ရင်မှာ တိုးတိုးဆိုရင်း  ဘေဘီကို ငေးကြည့်မိလေသည်။
💕💕💕💕💕💕💕💕💕💕💕💕💕💕

"ဂုဏ် ဟိုမှာ  ဘေဘီချစ် မဟုတ်လား"

သူငယ်ချင်း ကိုထိုက်  လက်ပြရာကို ကြည့်လိုက်တော့   ဘေဘီချစ် နှင့် ရွယ်တူ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
သူမတို့  နှစ်ဦး ရယ်မောစွာ စကားပြောနေသည့်ကို တွေ့လိုက်ရလေသည်။
တစ်ယောက်နှင့် တစ်ယောက်လည်း  အတော်ပင် ရင်းနှီးပုံရလေသည်။

ဂုဏ် ကြည့်နေရင်း ဒေါသတွေ ဖြစ်မိတာ ဟန်ပင်မဆောင်နိုင်ခဲ့ပေ။

"တောက်    !"

တောက်တစ်ချက်ကို  ပြင်းထန်စွာ ခက်ရင်း

"မင်း  မာယာ တော်တော်များပါလား  ယောကျာ်းတွေကို တစ်ယောက်ပြီးတစ်ယောက် မြူဆွယ်နေတာ မင်းမရှက်ဘူးပဲ  တောက်   !"

ဂုဏ်  ရင်ထဲမှာတော့  ဒေါသများက  ပြင်းထန်ကာ  ပေါက်ကွဲချင်လာရလေသည်။
💕💕💕💕💕💕💕💕💕💕💕💕💕💕

နှလုံးသားကိုရင်း၍Where stories live. Discover now