Uni
အပိုင်း ၃
~~~~~~~~~ဘေဘီ နှင့် ဂုဏ် နှစ်ဖက်မိဘတွေ အလိုကျ လက်ထပ်ခဲ့ကြပါသည်။
ဂုဏ် ရဲ့ ဆန္ဒရ မင်္ဂလာပွဲကို ခမ်းခမ်းနားနား မလုပ်တော့ပဲ ရုံးတက်လက်မှတ်ထိုးရုံဖြင့်ပင် ပြီးခဲ့လေသည်။မိဘများကတော့ မင်္ဂလာပွဲ လုပ်စေချင်ခဲ့တာပေါ့။
ဂုဏ်က မလုပ်ရန် ငြင်းဆန်ခဲ့သောကြောင့်သာ
အားမတန်လို့ မာန်လျော့ခဲ့ရခြင်းဖြစ်သည်။ဘေဘီ ကတော့ မင်္ဂလာပွဲ နှင့် ပတ်သတ်ပြီး ဘာမှ ဝင်မပြောခဲ့ပေ။
"ဦး ရေချိုးပြီးရင် ဒါလေး ဝတ်နော်"
သူမ သူ့ အတွက် အဖြူရောင် ရှပ်လက်ရှည်လေး နဲ့ ဂျင်းဘောင်းဘီ အပြာလေး ထုတ်ပေးပြီး ကုတင်ပေါ် တင်ပေးပြီး ပြန်ထွက်မယ် အလုပ်
"မင်း သိပ်ပျော်နေလား ဘေဘီချစ်"
မျက်ထောက်နီဖြင့် ခါးထောက်ပြီး မေးလာသူက ဂုဏ်ရယ်ပါ။
ဘေဘီ ဂုဏ် ကို လှည့်ကြည့်လိုက်ပြီး
"ဘေဘီက ဘာကို ပျော်ရမှာလဲ ဦး"
ဂုဏ် မျက်နှာကို မဲ့ပစ်လိုက်ပြီး
"ငါ့ကို အမိဖမ်းရလို့ မင်း ပျော်နေတာ မဟုတ်လား မင်းသိအောင် ငါ့တစ်ခုပြောလိုက်မယ် ငါ့ဆိုတဲ့ ကောင်က နွားမဟုတ်ဘူး မိဘတွေ ကို မငြင်းဆန်နိုင်လို့ မင်းကို ယူလိုက်ရတာ မင်းကို ကြည်ဖြူလို့တော့ မထင်နဲ့ မင်းကို ငါ့ အရမ်းရွံ့တယ် မုန်းတယ်"
အပြင်သို့ ထွက်ရန်ပြင်နေသော ဘေဘီခြေလှမ်းတွေ သူ့ ရှိရာသို့ ပြန်လျှောက်လာလိုက်ပြီး
"ဦး စကားပြောတာ ဆင်ခြင်ပြောပါ ဘေဘီ ဦးကို အမိဖမ်းတယ်လို့ ပြောရအောင် ဘေဘီ စိတ်ဓာတ် အဲ့လောက် အောက်တန်းမကျသေးဘူး ဥပမာ ပြောရရင် ဦး ရဲ့ အချစ်တော် ဟန်နီ"
"ဘေဘီချစ် မင်းတော်တော့ ဆက်မပြောနဲ့ ဟန်နီက မင်းလို မဟုတ်ဘူး ဖြူစင်တယ်
မင်းလို မကောက်ကျစ်ဘူး ""အဟက် "
ဘေဘီ ခြောက်ကပ်ကပ်ရယ်လိုက်ပြီး
YOU ARE READING
နှလုံးသားကိုရင်း၍
Romance"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"