Uni
အပိုင်း ၂
~~~~~~~~~~"မောင်ရာပြည့်ကျော်+မဟန်နီ "
တို့၏
မင်္ဂလာဧည့်ခံပွဲမင်္ဂလာ ခန်းမ ထဲကို ဝင်ဖို့ ပြင်နေသော ဂုဏ် ခြေလှမ်းတွေ တုန့်ဆိုင်းနေလေသည်။
ရင်ထဲမှာ မွန်းကျပ်နေလေပြီ
ချစ်ရသူရဲ့ မျက်နှာလေးကို ဒီနေ့ နောက်ဆုံး မြင်ရမည့် အချိန်ဖြစ်သည်။
နာကျင်နေသော နှလုံးသားကို အပြုံးနဲ့ ဖုံးကွယ်ရင်း မင်္ဂလာ ခန်းမ ထဲသို့ သူ ဝင်လာခဲ့ပါသည်။တွေ့ရပါပြီ။
အဖြူရောင် အနောက်တိုင်းသတိုးသမီး ဝတ်စုံလေးနဲ့ အလှကြီးလှနေသော ဟန်နီ ရယ်ပါ။
ပြုံးပျော်ရင်း သတိုးသား လက်ကိုတွဲရင်း ဧည့်သည်တွေကို ဧည့်ခံနေလေသည်။"ဂုဏ်ယူပါတယ် ဟန်နီ ဒါကိုယ့်ရဲ့ မင်္ဂလာလက်ဖွဲ့ပါ"
ဂုဏ်တစ်ယောက် သူမ တို့ အနားကို လျှောက်လာရင်း ဆိုလိုက်တော့ သူ့ကမ်းပေးသော ပါဆယ်ဗူးလေးကို ဟန်နီ လှမ်းယူလိုက်ပြီး
"အခုလို လာပေးလို့ ကျေးဇူးတင်ပါတယ် ကိုမျိုးဂုဏ်ရောင် မောင် ဒါက "star ward " ကုမ္ပဏီ ပိုင်ရှင် ဦးဂုဏ်ရောင်ရှိန် ရဲ့ သား ကိုမျိုးဂုဏ်ရောင် တဲ့"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ကျွန်တော် အမည် ရာပြည့်ကျော်ပါ"
"ဟုတ်ကဲ့ ကျွန်တော်လည်း ဝမ်းသာပါတယ်"
အပြုံးနဲ့ ဖုံးကွယ်နေရတဲ့ နှလုံးသားလေး ရဲ့ နာကျင်မှုကိုတော့ ဟန်နီ တစ်ယောက် သိနိုင်မည် မထင်တော့ပေ။
"ဟန်နီရယ် မင်းရက်စက်တယ်ကွာ"
ပြုံးပျော်နေသော ဟန်နီ မျက်နှာလေးကို ခဏမျှ ငေးကြည့်ရင်း သူ့ နာကျင်စွာပင် မင်္ဂလာပွဲကို ကျောခိုင်းထွက်ခဲ့လေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~"မေဇင်ရေ ချို တို့ သွားစရာရှိသေးလို့ သား ပြန်လာရင် အိမ်သော့လေး သွားပေး ပေးပါဦးနော်"
"သြော် အေး အေး ချို သမီးလေးကို သွားပေးခိုင်းလိုက်မယ်နော်"
YOU ARE READING
နှလုံးသားကိုရင်း၍
Romance"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"