Uni
"အပိုင်း ၂၄"
"ဒါက ဒါက ဘယ်လိုဖြစ်ခဲ့ရတာလဲ"
မယုံကြည်နိုင်ခြင်း များစွာဖြင့် မေးခွန်းထုတ်လာသော ဟန်နီ ပခုံးတစ်ဖက်တွန့်ပြပြီး
"ဒီကိစ္စက ရှေ့နေ့ဦးသော်နဲ့ ငါပဲ သိခဲ့တဲ့ ကိစ္စ။ ဘာလို့ မင်းနဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်မထိုးခဲ့လဲ မေးရင် အဲ့ဒီညက ငါနဲ့ အိပ်ခဲ့တဲ့ မိန်းမက မင်းမဟုတ်တာကို သိနေလို့။ အဲ့ဒီညက ငါ့နဲ့ အတူအိပ်ခဲ့တာ မင်း မဟုတ်တဲ့ ဘေဘီဆိုတဲ့ ငါ့ရဲ့ မိန်းမ"
"ဟင်"
ဟန်နီ တုန်လှုတ်စပြုလာခဲ့ပြီ ဖြစ်သည်။ မျက်နှာ အမူအယာပျက်လာသော ဟန်နီကို သူ အရသာခံ ကြည့်လိုက်ပြီး
"မင်း အံ့သြသွားသလား။ အဟက် မအံ့သြပါနဲ့။ မင်း မထင်မှတ်ထားတာတွေ ကျန်သေးတယ်။ မင်းက ဘေဘီငါ့နဲ့ အိပ်ပြီး အခန်းထဲက ထွက်သွားမှ ငါ အခန်းထဲ ဝင်ပြီး ငါ အနားမှာ အိပ်ခဲ့တယ်။ ဒါကတော့ အားလုံးအကွက်ကျကျ စီစဥ်ခဲ့တဲ့ မင်းနဲ့ ရာပြည့်ကျော်ရဲ့ အစီအစဥ်တွေ ဆိုတာ ငါ သိထားတာကြာပြီ။ ငါဘာလို့ မင်းနဲ့ လက်ထပ်ချင်ယောင်ဆောင်ခဲ့လဲ မင်းကို ပြောရအုံးမလား။ မင်းရဲ့ ပစ်မှတ်က ငါပဲ ဖြစ်စေချင်တယ်။ ဘေဘီကို မပါဝင်စေချင်ဘူး"
"ဒါ ဒါဆို ရှင်က ဘေဘီကို တမင် ရှောင်ခိုင်းခဲ့တာပေါ့"
"ဒုက္ခတွင်းထဲ ဘေဘီကို ဆွဲမခေါ်ရက်တာ"
ဟုတ်ပါသည်။ ပြဿနာတွေကို သူတစ်ဦးတည်းသာ ရင်ဆိုင်ပြီး ဘေဘီအား မပါဝင်စေချင်ရုံဖြစ်သည်။
"ဒီမှာ မင်းကြည့်စမ်း"
သူ လက်တော့ကို လျှင်မြန်စွာ ဖွင့်လိုက်ပြီး ဟန်နီရှေ့ကို ထိုးပေးလိုက်လေလျှင်
"ဒီမှာကြည့်ပါအုံး ။ မင်းရဲ့ ချစ်လှစွာသော လင်တော်မောင်ကို"
လက်တော့ဆီ ဟန်နီအကြည့်တို့ ရောက်သွားလျှင် သွေးပျက်ခြောက်ခြားဖွယ်ရာ မြင်ကွင်းက ဟန်နီကို ဆီးကြိုနေလေသည်။ သွေးတရဲရဲဖြင့် ကြိုးတုတ်ခံထားရသော မောင်။ မျက်နှာမှာလည်း ဒဏ်ရာတွေ မြင်မကောင်းပေ။
YOU ARE READING
နှလုံးသားကိုရင်း၍
Romance"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"