7 U/Z

624 27 3
                                    

Uni

"အပိုင်း ၇"

"သမီးလေး တကယ်ဆုံးဖြတ်ပြီးပြီလား"

ဒေါ်မေဇင် မေးလာသော မေးခွန်းကြောင့် ဘေဘီလေးတွဲစွာ ခေါင်းညိတ်ပြခဲ့သည်။

"ဘေဘီဆုံးဖြတ်ပြီးပြီ မေမေရယ်"

ဘေဘီမျက်ဝန်းတွေ မှိုင်းညို့နေသည်။ သူမ ရင်ထဲမှာ ခံစားချက်တွေ အားလုံးဗလာကျင်းနေခဲ့သည်။ ဒေါ်မေဇင် သမီးကို ကြည့်ကာ သက်ပြင်းကို ချလိုက်ပြီး

"မြေးလေးအတွက်ရော မစဥ်းစားတော့ဘူးလား သမီးရယ်"

"သမီးအတွက်"

သမီးအတွက်ဟု ပြောလိုက်သော မေမေ့ စကားကြောင့် ဘေဘီနှုတ်ခမ်းကို တွန့်ရုံပြုံးလိုက်မိသည်။

"ဘေဘီဘက်က သမီးလေးမျက်နှာကို ငဲ့ပြီး သူနဲ့ဆက်ပေါင်းနေရင် သမီးလေးရင်ထဲမှာ သူနဲ့ ပတ်သတ်ပြီးရလာမဲ့ စိတ်ဒဏ်ရာတွေအတွက် ဘယ်သူအာမခံပေးမှာလဲ မေမေ၊ ဘယ်သူမှ အာမ မခံပေးနိုင်ပါဘူး၊ သူ့ သမီး၊  သူ့ ရင်သွေးမဟုတ်ပါဘူးလို့ ကြွေးကြော်ထားတဲ့ သူက သမီးလေးကို  စိတ်ဒဏ်ရာရအောင် မလုပ်နိုင်ဘူးလို့ မေမေထင်လား၊ ဟင့်အင်း ဘေဘီ သမီးကို သူတစ်ပါး ​အပြောခံအဆိုခံအဖြစ် မရှင်သန်စေချင်ဘူး မေမေ"

သမီးနှုတ်မှထွက်လာသော စကားတို့သည် ဆုံးဖြတ်ချက်တို့ကို ပြင်ဖို့ရာ မရှိတော့သည့်မို့ ဒေါ်မေဇင်လည်း မတတ်နိုင်ခဲ့ပေ။ ကိုယ့်မွေးထားသည့် သမီးကို အိမ်ထောင်ပျက်တစ်ခုလပ်အဖြစ် မမြင်ချင်ခဲ့သော်လည်း ကံတရားက ဒီလိုဖြစ်စေချင်ခဲ့ပြီ။ သူမလည်း သမီးလေးစိတ်ဆင်းရဲနေမည့်ကို မမြင်ချင်ခဲ့သည့် မိခင်ဖြစ်နေသဖြင့် သမီးလေး စိတ်ချမ်းသာအောင်သာ သမီးရဲ့ ကွာရှင်းခြင်းကို လက်ခံခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~

"ပြန်စဥ်းစားပါဦး ဘေဘီလေးရယ်၊ မေမေချို တောင်းပန်ပါတယ်ကွယ်"

မိဘတွေ၏ စိတ်တွင် သူမတို့အိမ်ထောင်ရေး ပြိုကွဲမည့်ကို မမြင်ချင်ကြသော်လည်း သူမတို့ အနေဖြင့် သူနှင့် မည်သို့မျှ လက်တွဲသွား၍ မရသော အနေအထားဖြစ်နေခဲ့သည်။ ဘေဘီ ရင်ခွင်ထဲက သမီးလေးကို ခပ်တင်းတင်းလေးပွေ့ရင်း

နှလုံးသားကိုရင်း၍Where stories live. Discover now