Uni
"အပိုင်း ၁၂"
အချိန်တွေက ဒီရေအလားတိုက်စားသွားခဲ့သည်။ မျိုးဂုဏ်ရောင်ဆိုသော လူတစ်ယောက်၏ ဘဝသည်လည်း အနိမ့်အကျ အလှည့်အပြောင်းတွေ အောက်မှာ အရာရာအားလုံးပြောင်းလဲသွားသည်။ သူ ရင်ခွင်ထဲမှ ပြေးထွက်သွားသည့် မိန်းကလေးသည်လည်း ဘယ်အချိန်ပြန်လာမည့်ကို သူ မသိနိုင်ပေ။ လွမ်းတယ်။ ရင်ထဲက နင့်နင့်သည်းသည်း လွမ်းတယ်။ သူမနှင့်အတူ သွေးသားငယ်လေးကိုလည်း လွမ်းမိပါရဲ့။
အတွေးတို့နှင့် အတူ ကားကို ပေါ်တီကိုအောက် ထိုးရပ်လိုက်သည်ပင် ၃နှစ်အရွယ် ကလေးငယ်လေးတစ်ယောက် သူဆီပြေးလာလေသည်။ သူသည် ထိုကလေးငယ်လေးကို ချစ်ကြည့်၍ မရသော်လည်း သားသမီးဟူသော စိတ်ဖြင့် ဥပေက္ခာပြုမထားနိုင်ခဲ့ပေ။
"ဒယ်ဒယ်"
သူ့ အနားကို ရောက်လာကာ သူ့ကို ဒယ်ဒယ်ဟု ခေါ်လိုက်သော ထိုကလေးကို သူ ကောက်ပွေ့လိုက်ပြီး အိမ်ထဲသို့ ဝင်ခဲ့လိုက်သည်။
"ဟယ် မောင် ပြန်လာပြီ"
အပြင်သွားရန် ပြင်ဆင်ပြီး ထွက်လာသော ဟန်နီက သူ့ကို တွေ့သည် အချိန်တွင် ပြုံးရွှင်စွာ နှုတ်ဆတ်လာသော်လည်း သူကတော့ ဂရုမစိုက်ဟန်ဖြင့် ကလေးကို ပွေ့ချီကာ အပေါ်သို့တက်သွားလေသည်။ ဟန်နီသည့်လည်း သူမကို ဂရုမစိုက်သည့် သူကို အထူးတလည် ဂရုစိုက်မပြဘဲ အိမ်ထဲမှ ထွက်သွားလေသည်။ သူမက ဘယ်သူလဲ။ ဦးမျိုးဂုဏ်ရောင်၏ ဇနီးလေ။ ငွေကိုရေလိုသုံး။ ဘောစိသူဌေးရဲ့ ဇနီးဖြစ်နေ၍ လင်ပိုင်ပစ္စည်း မယားအပိုင်ဟု သတ်မှတ်ထားသူ ဖြစ်သည်။
ဂုဏ် သားဖြစ်သူကို ခုတင်ပေါ်တင်ပေးပြီး ပြတင်းပေါက် လိုက်ကာကို ဆွဲပိတ်လိုက်မိသည်။ ထိုသို့ ဆွဲပိတ်လိုက်စဥ် ဟိုမိန်းမကား ခြံထဲမှ ထွက်သွားသည့်ကို ကြည့်ပြီး ဂုဏ် နှုတ်ခမ်းတွေ မဲ့ပစ်လိုက်မိသည်။ ဂုဏ်သည် ထိုမိန်းမကို ၃နှစ်ကြာမျှ လက်ထပ်ယူခဲ့သည် တိုင်အောင် သူမ၏ ခန္ဓာကိုယ်ကို ထိဖို့ပင် မသတီခဲ့ပေ။ ထိုကြောင့် ထိုမိန်းမကို သူသည် ယနေ့အထိ ဇနီးအဖြစ် အသိအမှတ်မပြုခဲ့ပေ။ ယနေ့အထိ သူ့ရင်ထဲ ရှိနေသည့် သူ့ ဇနီးက ဘေဘီတစ်ယောက်ထဲသာ ရှိသည်။ သားဆိုသည့်ကလည်း သူသာ လုပ်ကြံမခံခဲ့ရလျှင် ဖြစ်တည်လာစရာအကြောင်းမရှိပေ။
YOU ARE READING
နှလုံးသားကိုရင်း၍
Romansa"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"