15 U/Z

677 14 0
                                    

Uni

"အပိုင်း ၁၅"

"အေးပု ကလေးက ဘာဖြစ်တာလဲ"

ကလေးဗိုက်အောင့်နေသည်ဟု အေးပု လာပြောသဖြင့် သူ အေးပုနှင့် လိုက်သွားပြီး ကလေးကို လိုက်ကြည့်၏။ မအေဖြစ်သူကို သွားနှိုးခိုင်းလိုက်သော်လည်း တစ်ချက်ပင် လာမကြည့်ပေ။ ဟန်နီ နှင့် သူသည် အတူတူနေခြင်း မဟုတ်သဖြင့် အေးပုကိုသာ သွားနှိုးခိုင်းခဲ့ရသည်။ ဂုဏ်သည် သူမကို လက်ထပ်ယူခဲ့ရသော်လည်း သူမကို ဇနီးမယားအဖြစ် မသတ်မှတ်ခဲ့သလို  သူမနှင့် ပေါင်းသင်းနေထိုင်ရမည်ကို စက်ဆုတ်လေသည်။ သူသိသည့်က အမှန်တရား။ ထိုအမှန်တရားကို ရှာရန်အတွက် သူ့ရန်သူကို အနီးဆုံးသို့ ခေါ်ထားခြင်း ဟုသာ ခံယူထားသည်။

"ကလေးဒီလောက်ဖြစ်နေတာကို အမေလုပ်တဲ့သူက ဘာလုပ်နေတာလဲ။ အေးပု ဘာပြောလဲ"

"ဟို ဟိုလေ"

ကလေးကို အသာအယာ ဗိုက်နှိပ်ပေးနေရာမှ စကားကို ထစ်အ ထစ်အ ဖြစ်နေသော အေးပုကို သူ တစ်ချက်ကြည့်ပြီး

"အေးပု ဘာဖြစ်နေတာလဲ။ စကားကို ကောင်းကောင်းပြောစမ်း"

စိတ်မရှည်သဖြင့် သူ အော်ပစ်လိုက်ခြင်း ဖြစ်သည်။ ထိုအခါမှ အေးပု ကြောက်ကြောက်လန့်လန့်ဖြင့်

"ဟို ဟိုလေ မမလေးက သူ့ အိပ်ရေးပျက်တယ် လာမနှိုးနဲ့တဲ့"

"ဘာကွ ဒီမိန်းမ။ တောက်~~~!"

ဒေါသဖြစ်စွာဖြင့် ထိုမိန်းမဆီ သူသွားခေါ်ရန် ထလိုက်စဥ် ကလေးငယ်ငယ်လေးမှ သူ့လက်ကို ဖမ်းဆွဲထားလေသည်။ သူ ထိုကလေးကို ပြန်ကြည့်သည့်အခါ ကလေးက သူ့ကို ခေါင်းကို ရမ်းပြရင်း မျက်ရည်တွေ ကျနေလေသည်။

"ဖေဖေ ရှိရင် ရပြီ"

မျက်ရည်တွေဖြင့် ထိုကလေးကို ကြည့်ပြီး သူ့ရင်ထဲ နင့်သွားရလေသည်။ ဘာကြောင့်မှန်း မသိ။ ထိုကလေးအနားမှာ သူ ပြန်ထိုင်ချလိုက်မိလေသည်။ ကလေးသည် သူလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း

"ဖေဖေကို သားချစ်တယ်"

"အေးပါ ကောင်လေးရယ်"

သူသည် ထိုကလေးကို သား ဟု ဘယ်သောအခါမှ မခေါ်ခဲ့ဖူးပေ။ ကောင်လေးဟုသာ ခေါ်တတ်ခဲ့သည်။

နှလုံးသားကိုရင်း၍Where stories live. Discover now