6 U/Z

1.3K 33 3
                                    

Uni
အပိုင်း  ၆
             💔💔💔💔💔💔💔💔💔

ဘေဘီ  ဆေးရုံက ဆင်းသည့် တိုင် ဘေဘီ ဆီ ဦး  ရောက်မလာခဲ့ပါ။

အကြောင်းအမျိုးမျိုးပြပြီး ဦး  ရှောင်နေခဲ့သည်။

"မြေးလေးရေ  ဖွားဖွားမြေးလေးက  ချစ်စရာလေးတော့  ဖွားဖွားနဲ့  ဖိုးဖိုးကို  ညာချွဲမဲ့  မြေးလေး  "

ချစ်စရာ အနှီးထွေးထားသော  နီတာရဲ ကလေး လေး  ကို  ဒေါ်ချိုလက်ထဲမှ  မချပေ။

ဆေးရုံက ဆင်းကတည်းက  ကလေးသည် ဒေါ်မေဇင်နှင့်  ဒေါ်ချို  လက်ထဲတွင်သာ  ရှိခဲ့လေသည်။

ဂုဏ်ကတော့ ကလေး ကို အရေးပင် မလုပ်ပေ။

"သား  ဒီနေ့  ရုံးပိတ်ရက် အိမ်မှာနေပါလား  မြေးလေးလည်းရှိနေပြီပဲ  အသွားအလာ ဆင်ခြင်ပါတော့ သားရယ်"

အပြင်ထွက်ရန် ပြင်နေလေသော ဂုဏ်ကို ဒေါ်ချို  ပြောလိုက်ခြင်းဖြစ်သည်။

"မာမီကလည်း  သား  ဒီလောက်အလုပ်များတာ  မာမီလည်း သိရဲ့နဲ့  အခုလည်း အလုပ်ကိစ္စ ချိန်းထားသေးတယ်  ဘေဘီချစ် တစ်ယောက်လုံး ရှိနေတာပဲ မာမီကလည်း"

"နေပါစေ မာမီ  သူ့ အလုပ် သူလုပ်ပါစေ  ဘေဘီတို့ သားမိအတွက်  သူ မလိုအပ်ပါဘူး   သူ  သွားချင်ရာ သွားပါစေ  "

ဘယ်ကရောက်လာမှန်းမသိတဲ့  ဘေဘီက  မာမီ လက်ထဲမှ သမီးလေးကို ပွေ့ခေါ်ရင်း ဆိုလိုက်လေရာ  ဂုဏ် မျက်နှာ ပျက်သွားလေသည်။

"မာမီ သားသွားတော့မယ် ညနေ အပြန်နောက်ကျမယ်"

ဂုဏ်  ဘေဘီ  မျက်နှာကို  တစ်ချက်သာ  လှည့်ကြည့်ပြီး ထွက်သွားလေသည်။

ဘေဘီကတော့  မဲ့ပြုံးတစ်ချက်ပြုံးရင်း  ကျန်ရစ်ခဲ့လေသည်။

ဒေါ်ချို   ကတော့  သူတို့  နှစ်ယောက်ကြား ဘာတစ်ခွန်းမှ  မပြောဘဲ  ခေါင်းသာ ခါရမ်းရင်း ကျန်ရစ်ခဲ့လေသည်။ 💔💔💔💔💔💔💔💔💔💔💔💔💔💔

"မောင် အရင်အချိန်တွေကို လွမ်းတယ်ကွယ်"

သူ့ ရင်ခွင်ထဲ ကလေးတစ်ယောက်လို ရှိနေခဲ့သော ချစ်ရသူလေးကို ခပ်တင်းတင်းပွေ့ဖက်ရင်း

နှလုံးသားကိုရင်း၍Where stories live. Discover now