17 U/Z

1.1K 22 0
                                    

Uni

"အပိုင်း ၁၇"

"ဘယ်လို။ မျိုးဂုဏ်ရောင် သိသွားပြီဟုတ်လား ဟန်နီ"

ကော်ဖီဆိုင်၏ ချောင်ကျကျနေရာတွင် ထိုင်ကာ စကားပြောနေသော ဟန်နီ နှင့် ရာပြည့်ကျော်။ ရာပြည့်ကျော်၏ မျက်နှာသည် လွန်စွာပျက်ယွင်းနေပြီး ဟန်နီသည်လည်း သက်ပြင်းတွေ အကြိမ်ကြိမ်ချနေလေသည်။

"ဘယ်လိုသိသွားတာလဲ ဟန်နီ။ မင်းကို ပိပိရိရိရှိပါစေလို့ မောင် မပြောထားဘူးလားကွာ"

"မောင်ရယ်။ ဟန်နီလဲ သူရိပ်မမိအောင် နေခဲ့တာလဲ ၃နှစ်ကျော်ပြီလေမောင်။ အဲ့အထိလဲ ပိပိရိရိဖြစ်အောင် ဟန်နီဟန်ဆောင်မှုက မျိုးဂုဏ်ရောင်ကို လှည့်စားနိုင်ခဲ့တာပဲလေ"

"ဟုတ်ပါတယ်။ ဟန်နီ ဒီအထိလုပ်နိုင်ခဲ့တာကိုလဲ မောင်တကယ်ကျေးဇူးတင်ပါတယ်ကွာ"

ရာပြည့်တစ်ယောက် သူမကို ကျေးဇူးတင်စကားဆိုမိ၏။ သူမသည် သက်ပြင်းကို အကြိမ်ကြိမ်ချရင်း

"ဟန်နီတို့ ဘယ်လိုလုပ်ကြမလဲ မောင်"

"မောင် ပြောမဲ့ စကားကို သေချာနားထောင် ဟန်နီ။ ဟန်နီ လုပ်ရမှာက မျိုးဂုဏ်ရောင် အားလုံးအဖြစ်မှန်ကို မသိသေးခင် သူဆီက ရသလောက်ယူထား။ သူရဲ့ ပိုင်ဆိုင်မှုတွေကို ဟန်နီလက်ထဲရောက်အောင် လုပ်ထား။ သူရဲ့ ပိုင်ဆိုင်မှုတွေ ဟန်နီလက်ထဲရောက်ရင် ကိုယ့်တို့ဒီနိုင်ငံက အပြီးထွက်သွားရအောင်"

ဟန်နီတစ်ယောက် မောင် မျက်နှာကို ကြည်နူးမှုတွေနဲ့ ကြည့်ပြီး

"ဟန်နီဆိုတဲ့ မိန်းမက မောင်ထားရာနေ။ မောင်စေရာသွားသူမို့ မောင်ဆန္ဒတွေအားလုံးဖြည့်ဆည်းပေးပါမယ် မောင်"

ဟန်နီဘဝအတွက် အားကိုးရာက မောင်ဖြစ်သည်။ ဟန်နီသည် မောင့် ရင်ခွင်မှာ မှီခိုရင်း မောင်သာ အလိုရှိခဲ့ရင် ဘယ်အရာကို မဆို ပေးဆပ်ဖို့ရာ အဆင်သင့်ဖြစ်နေခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~~~~~

"မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ကြပြန်ပြီနော်"

ဘေဘီတစ်ယောက် သမီးကြိုက်တတ်သသည် ကိတ်မုန့်ခြောက်ဗူးလေးကို စျေးဝယ်ခြင်းထဲ ထည့်နေစဥ် ကြားလိုက်ရသော အသံကြောင့် ဘေဘီခေါင်းထောင်ပြီးသား ဖြစ်သွားသည်။ မျက်ဝန်းထဲပေါ်လာသည့် မျက်နှာကြောင့် ဘေဘီ နှုတ်ခမ်းကို သိသိသာသာ မဲ့လိုက်ပြီး

နှလုံးသားကိုရင်း၍Where stories live. Discover now