uni
"အပိုင်း ၈"
"ဘေဘီရေ ဘေဘီ"
ဘေဘီ အိမ်ကို ပြန်ရောက်သည့် ဆိုလျှင် တိုင်းလက်ရာတစ်ယောက် အထုပ်ကြီးအထုပ်ငယ်ဆွဲ၍ အိမ်သို့ရောက်လာခဲ့သည်။ ရောက်သည်နှင့် နဂိုဗီဇအတိုင်း အသံဗြဲကြီးနှင့် အိမ်ကိုရောင်လာခဲ့သည်။
"ဟဲ့တိုးတိုးလုပ်စမ်းပါ တိုင်းရယ်၊ နင်ကလဲ အသံဗြဲကြီးနဲ့"
အထုပ်အပိုးတွေနှင့် အိမ်ထဲဝင်လာသော တိုင်းကို ကြည့်ပြီး ဘေဘီပြောလိုက်ခြင်းဖြစ်သည်။ တိုင်းက သူမကို အဖြူရောင် သွားတန်းလေးတွေ ပေါ်အောင်ပြုံးပြရင်း
"ငါ ကလေးအတွက်ရော နင်အတွက်ပါ လိုအပ်တာတွေ ဝယ်လာတယ်၊ ကားထဲမှာလဲ ရှိသေးတယ်"
"တကယ်ကြီးလား"
ဘေဘီ အံ့သြရလွန်းသဖြင့် မေးလိုက်မိခြင်းဖြစ်သည်။
"လာ ငါလိုက်ပြမယ်"
တိုင်းက ဘေဘီကို ခေါင်းညိတ်ပြပြီး သူ့ကားရှိရာ ဆွဲခေါ်လာခဲ့သည်။ ကားနောက်ခန်းကို ဖွင့်လိုက်သည့်အခါ ဘေဘီ မျက်ဝန်းတွေ ပိုဝိုင်းသွားရလေသည်။
အို ကလေးပစ္စည်းလေးတွေ အစုံထည့်ထားသလို ကလေးပုခက်ကအစ အင်္ကျီသေးသေးလေးတွေ အဆုံးရှိနေလေသည်။
"ဒါ ဒါတွေ နင်ဝယ်ခဲ့တာလား"
"အင်းလေ၊ နင် နဲ့ မီးရောင်ချစ်အတွက် ငါ့ရဲ့ လက်ဆောင်"
"အို တိုင်းရယ်"
ရှင်းသန့်စွာ ပြုံးနေသော တိုင်း မျက်နှာချောချောကို ငေးကြည့်ရင်း ဘေဘီ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ပြည့်လာခဲ့ရသည်။ ပြီးနောက် သူ့ ခန္ဓာကိုယ်ကြီးကို လက်သေးသေးလေးတို့ဖြင့် ခပ်တင်းတင်းပွေ့ဖက်လိုက်ပြီး
"နင် နင် ဘာကြောင့် ငါ့အပေါ် ဒီလောက်ကောင်းပေးနေရတာလဲဟာ"
ထိခိုက်ကြေကွဲစွာ မျက်ရည်တွေဖြင့် မေးလိုက်ခြင်းဖြစ်သည်။ တိုင်းက သူမကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးရင်း "
"နင်က ငါ့ သူငယ်ချင်း ဖြစ်နေလို့ပေါ့ဟာ"
ထိုစကားကို သူ နာနာကျင်ကျင်ဆိုမိခြင်း ဖြစ်သည်။ ကိုယ်ချစ်ခဲ့သည့် မိန်းကလေးက ကိုယ့်ကို ပြန်မချစ်တဲ့အခါ ခံစားရသည့် ခံစားချက်တို့သည် သူနှလုံးသားကို တရိရိပဲ့ကြွေစေခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~~~~~
YOU ARE READING
နှလုံးသားကိုရင်း၍
Romance"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"