Uni
"အပိုင်း ၁၁"
ဘေဘီ နှင့် အဆင်ပြေဖို့ ကြိုးစားလေ ဝေးလေ ဖြစ်နေရသော သူအတွက် မျှော်လင့်ချက်မဲ့နေရသည်။ အတွေးတို့ဖြင့် ရှုပ်နေသော သူထံရောက်လာသူက ဟန်နီဖြစ်သည်။ ဟန်နီကို တွေ့လိုက်ရသည့် အခါ သူ့ မျက်ခုံးတွေ တွန့်ကြုတ်သွားရပြီး
"မင်း ဘာလာလုပ်တာလဲ ဟန်နီ"
ဟန်နီသည် သူအား တောင်းပန်သော မျက်ဝန်းအကြည့်တို့ဖြင့်
"ဖြစ်ခဲ့သမျှတွေ အားလုံးအတွက် ကျွန်မ တောင်းပန်ချင်လို့ လာခဲ့တာ မောင်"
အပြစ်ရှိသူက တောင်းပန်လာပြီမို့ သူ့ ခွင့်လွှတ်ပေးသင့်ပြီလား။ သူအတွေးတို့ဖြင့် ရှုပ်နေစဥ်မှာပင် ဟန်နီသည် သူ့ အရှေ့ကို ဒူးထောက်ထိုင်ချလိုက်ပြီး
"လူတိုင်းက အမှားနဲ့ မကင်းဘူးလို့ ရှင် အမြဲပြောခဲ့တယ်လေ။ တစ်ကြိမ်တစ်ခါလောက်ပဲ ဖြစ်ဖြစ် ကျွန်မကို ခွင့်လွှတ်ပေးမရဘူးလား ဟင်"
ဒူးထောက်ထိုင်ချကာ လက်အုပ်ချီတောင်းပန်လာသော ဟန်နီကြောင့် သူ သက်ပြင်းကို ခပ်ကြိတ်ကြိတ်ချရင်း
"အမှားကိုသိလို့ အမှန်ပြင်မယ်လို့ တွေးရင်တော့ မင်းကိုခွင့်လွှတ်ပါတယ်။ ကိုယ့်တို့ အမှားတွေ အတူတူကျူးလွန်ခဲ့ကြတာပါပဲ"
သူ ရင်ထဲမောလျှစွာ စကားဆိုလာ၏။ သူသည် ဘေဘီအပေါ် အမှားတွေ အများကြီး ကျူးလွန်ခဲ့ဖူးသည်။ ထိုအပြစ်တွေ အတွက် သူသည် မည်သည့် အပြစ်ကြွေး မဆို ပေးဆပ်ရန် အသင့်ဖြစ်နေခဲ့လေပြီ။
ဂုဏ်မသိလိုက်သည့်က ထိုတောင်းပန်ခြင်း၏ နောက်ကွယ်တွင် ရှိနေသော ဟန်နီ၏ မကောင်းမှုကိုသာ ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~"ဘယ်လိုပဲ ဖြစ်ဖြစ် ဒယ်ဒီ နဲ့ မာမီ သမီးကို တောင်းပန်ပါတယ်ကွယ်။ ဖြစ်ခဲ့သမျှတွေ အားလုံး သားဘက်က မှားတယ်ဆိုတာ ဒယ်ဒီသိပါတယ်ကွယ်။ လူတိုင်းက အမှားနဲ့ မကင်းဘူးလေကွယ်။ သားကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပြီး မြေးလေးရှေ့ရေးအတွက် ပြန်ကြည့်ပေးပါလားကွယ်"
ဦးဂုဏ်ရောင် ရှေ့မျက်နှာနောက်သို့ထားပြီး ချွေးမကို တောင်းပန်ခယနေရသည်။ မြေးနှင့်လည်း မခွဲချင်သလို သူရဲ့ ချွေးမကိုလည်း ဘေဘီချစ်ဆိုသော မိန်းကလေးတစ်ယောက်သာ ရှိစေချင်မိသည်။ ထိုအတွက်ကြောင့် သူသည် ချွေးမအား သားကို ပြန်လက်ခံရန်အတွက် တောင်းပန်နေခြင်းဖြစ်သည်။
YOU ARE READING
နှလုံးသားကိုရင်း၍
Romance"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"