27(END)U/Z

182 11 0
                                    

Uni

"အပိုင်း ၂၇(ဇာတ်သိမ်း)"

ဦး မရှိသည့် အချိန်တွင် ဘေဘီသည် သားနှင့် သမီးအား အကောင်းဆုံး ပျိုးထောင်ခဲ့သလို သားနှင့်သမီးဘေးတွင် မိခင်ကောင်းပီသအောင် ရပ်တည်ခဲ့သည်။ ဦး ချန်ရစ်ခဲ့သော စီးပွားရေး လုပ်ငန်းတွေအားလုံးကို  ဘေဘီ ဦးစီးလုပ်ကိုင်ခဲ့သည်။ ဘေဘီသည် စီးပွားရေးလောကတွင် ရင့်ကျက်လွန်းသည့် အမျိုးသမီးတစ်ဦးဖြစ်လာကာ သားသမီးတွေ အပေါ်အားလည်း ချစ်တတ်လွန်းသော မိခင်တစ်ဦး ဖြစ်လာခဲ့သည်။ ဦးကို ထောင်ဝင်စာ သွားတွေ့သော်လည်း ဦးသည် သူမကို အတွေ့မခံခဲ့ပေ။ ဦးသည် သူမကို စိတ်ဆင်းရဲမည့် ဆိုး၍ မတွေ့စေချင်သည့်ကို သိရလျှင် ဘေဘီသည် ဦးကို လွမ်းသမျှ သမီးနှင့် သားကိုသာ ပိုချစ်ခဲ့သည်။

"မေမေရေ  မမ သားကို လိုက်ရိုက်နေတယ်"

"မဟုတ်ဘူး မေမေ။ မင်းပြည့်က သမီး စာရေးနေတာကို လာရှုပ်တာ"

ချစ်စရာ သားနှင့် သမီးကြောင့်  ဘေဘီ ပြုံးမိသည်။ ဦးရဲ့ ကိုယ်ပွားလေးတွေ။ နှစ်ယောက်လုံးကို ဘေဘီ ထွေးပွေ့ရင်း

"သမီးက အကြီးပဲလေ။ မောင်လေးကို အလိုလိုက်ရမှာပေါ့။ သမီး မောင်လေးကို သမီးက မချစ်ဘူးလား"

"ချစ်တော့ချစ်တာပေါ့။ မင်းပြည့်က သိပ်ဆိုးတာပဲ"

"မမကလည်း ကိုယ့် မောင်လေးကိုနော်"

အစ်မဖြစ်သူ၏ ပါးကို နမ်းရင်း ချွဲလာသူက မင်းပြည့်ရောင် ဖြစ်သည်။ စိတ်ဆိုးနေသည့် မီးရောင်ချစ်တစ်ယောက် မောင်ဖြစ်သူကို ကြာကြာစိတ်မဆိုးနိုင်ပေ။ မောင်ဖြစ်သူ၏ ပါးလေးကို နမ်းပြီး

"ကလေးပေါက်လေး"

ဘေဘီ သားနှင့် သမီးကိုကြည့်ရင်း ပြုံးမိရသည်။ ဒီအချိန်တွင် ဦး ရှိနေရင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည့်အခါ သူမ ရင်ထဲ ဝမ်းနည်းမှုတို့ လှိုက်တက်လာရသည်။
~~~~~~~~~~~~~~~~~~~~~~~~

မင်းပြည့်ရောင် တစ်ယောက် လူကြီးလေးကဲ့သို့ လမင်းကြီးကို ငေးကြည့်နေခဲ့သည်။ ဘေဘီ သားထိုင်နေသော အနားတွင် ကပ်ထိုင်လိုက်ပြီး

နှလုံးသားကိုရင်း၍Where stories live. Discover now