20 U/Z

96 4 0
                                    

Uni

"အပိုင်း ၂၀"

သံယောဇဉ်တွေ အထပ်ထပ်မချည်နှောင်ချင်ပါဘူးဆို သူမ ဒီယောကျာ်းနှင့် ငြိစွန်းခဲ့ပြန်ပြီ။ အဝတ်မဲ့နေသော ခန္ဓာကိုယ်ကို စောင်တစ်ထည်နှင့် သေချာပတ်ပြီး ဘေဘီ သူ မျက်နှာကို အကြာကြီးစိုက်ကြည့်မိလေသည်။ ဘယ်သောအခါပဲ ဖြစ်ဖြစ် ချောမောခန့်ညားလွန်းသော သူသည် အခြားသူများနှင့် မတူ အတော်ကို ကြည့်ကောင်းလေသည်။ သို့သော် ဒီယောကျာ်းကို  သူမ မုန်းသည်။ သူမ အချစ်တွေကို ဥပေက္ခာပြုခဲ့သဖြင့် စိတ်နာသည်။ အတိတ်က အကြောင်းတွေ ပြန်တွေးမိလျှင် ရင်ဘက်ထဲက တဆစ်ဆစ်နာသည်။

ဘေဘီ သူမျက်နှာကို အဝကြည့်ပြီး ခုတင်ပေါ်မှ ထလိုက်သည်။ ပြီးနောက် အဝတ်တွေကို ပြန်ဝတ်ရင်း အခန်းထဲမှ ထွက်ခဲ့လေသည်။ ဘေဘီ မသိလိုက်သည်က အခန်းထဲမှ ဘေဘီထွက်သွားသည်နှင့် ထိုအခန်းထဲသို့ ဝင်သွားသော ဟန်နီကို ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~

ကားပေါ်ရောက်သည့်အထိ တိတ်ဆိတ်နေသော ဘေဘီကို တိုင်း မသိမသာငေးကြည့်မိသည်။ ဘေဘီချစ်တစ်ယောက် ကလပ်က ပြန်ကတည်း ဘေဘီတစ်ယောက် အတော်ကို ငြိမ်နေလေသည်။

"အိမ်ပြန်မှာလား ဘေဘီ"

"အင်း"

သူလည်း ကားကို ဘေဘီတို့ အိမ်သို့ မောင်းခဲ့လိုက်သည်။ မီးရောင်ချစ်ကို သူ့အဖွားက တစ်ညလောက်ခေါ်သိပ်ပါရစေ ပြောထားသဖြင့် ဘေဘီခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ အခုတော့ အိမ်မှာ ဘေဘီတစ်ယောက်ထဲ ဖြစ်သည်။ ဘေဘီ ကားပေါ်မှ    ဆင်းပြီး ခြံတံခါးကို ဖွင့်လိုက်သည့်အခါ တိုင်းလည်း သူမဘေးကို လျှောက်လာခဲ့ပြီး

"နင် တစ်ယောက်ထဲ ဖြစ်ပါမလား"

"အင်း ဖြစ်ပါတယ်။ ဒီည တစ်ည အိမ်မှာ အချိန်ဖြုန်းမယ်။ မနက်ဖြန်ည အစောကြီး ပြန်ကြတာပေါ့ဟာ"

အပြုံးလေးဖြင့် သူကို ပြန်ပြောနေသည့် သူမကို သူ သက်ပြင်းချကာ ကြည့်ရင်း သက်မနွေးနွေးကို ရှိုက်လိုက်မိသည်။

"နင် အဆင်ပြေရင် ပြီးရောလေ။ ငါသွားမယ်"

သူ သူမကို နှုတ်ဆတ်၍ ထွက်လာခဲ့သည်။ သူမသည်လည်း သူ ထွက်သွားသည်နှင့် အိမ်တံခါးမကြီးကို တွန်းဖွင့်ကာ အိမ်ထဲဝင်လာခဲ့လေသည်။ မှောင်မဲသော အိမ်ကြီးကြောင့် သူမ သက်ပြင်းကို ချရင်း မီးခလုတ်တွေကို ဖွင့်လိုက်မိသည်။ လေးလံနေသော ခြေလှမ်းတွေက လှေကားထစ်တွေအတိုင်း  အခန်းရှိရာ တက်လာခဲ့သည်။ ပြီးမှ ခုတင်ပေါ် ခြေပစ်လက်ပစ် ပစ်လဲရင်း  သူမကို သူမ စိတ်ပျက်မိသွားသည်။ ဘာကြောင့် ဒီလူရဲ့ ဆန္ဒကိုမှ လိုက်လျောမိလေသလဲ။

နှလုံးသားကိုရင်း၍Where stories live. Discover now