26 U/Z

91 7 0
                                    

Uni

"အပိုင်း ၂၆"

တိုင်းတစ်ယောက် အစ်မဖြစ်သူ အတွက် စိတ်မကောင်းခြင်း များစွာနှင့် အတူ အစ်မရှိစဥ် နေခဲ့သည့် အခန်းထဲသို့ ရောက်လာခဲ့သည်။ အခန်းထဲရှိ ခုတင်ပေါ်တွင် ဝင်ထိုင်ရင်း သူ သက်ပြင်းကို ခပ်လေးလေးချလိုက်မိသည်။ ထိုအခန်းထဲတွင် ရာပြည့်ကျော်နှင့် အစ်မဖြစ်သူ၏ မင်္ဂလာဓာတ်ပုံက နေရာယူနေခဲ့သည်။ ထိုဓာတ်ပုံကို မြင်လိုက်ရသည့် အခါ ရာပြည့်ကျော်ဆိုသည့် လူကို မမြင်ချင်လောက်အောင် တိုင်း မုန်းမိသည်။ ထိုအတွက်ကြောင့် ထိုဓာတ်ပုံအား မှောက်လိုက်ခြင်း ဖြစ်သည်။

ထိုကြောင့် အစ်မဖြစ်သူ၏ စားပွဲပေါ်ရှိ စာအုပ်တချို့ကို ကိုင်ကြည့်လိုက်စဥ် ဒိုင်ယာရီစာအုပ်နှင့် တူသော ရွှေရောင်စာအုပ်လေး တစ်အုပ်ကို တွေ့လိုက်ရသည်။ ထိုစာအုပ်လေးအား စာအုပ်တွေထဲမှ ဆွဲထုတ်ပြီး သူ ကြည့်လိုက်စဥ်

"ကျွန်မကို ရင်ခုန်အောင် ပြုစားသူလေး။ သူ အမည်က ရာပြည့်ကျော်တဲ့။ အဟင့် သိပ်ကို မာနကြီးတဲ့ သူပေါ့"

"ကျွန်မချစ်မိသူက တက္ကသိုလ်ရဲ့ ကင်းတဲ့။ အို ကိုလူချောရယ် ရင်ခုန်လိုက်တာ"

"တက္ကသိုလ် နောက်ဆုံးနှစ်မှာ မောင်နဲ့ ကျွန်မ ချစ်သူတွေ ဖြစ်ခွင့်ရခဲ့ကြတယ်။ ကျွန်မတို့နှစ်ယောက်ကတိကဝတ်ပြုခဲ့ကြတယ်။ ရာသက်ပန် မခွဲတူချစ်ကြမယ်လို့လေ"

"မောင်တို့ အိမ်က စီးပွားရေးတွေ ပြိုပျက်သွားခဲ့ပြီတဲ့။ အဲ့ဒီနေ့က မောင် အရမ်းငိုနေတယ်။ ကျွန်မလေ မောင်ကိုသနားလိုက်တာ အရမ်းပဲ။ မောင်တို့ မိသားစု ဘဝပြန်လည်အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ ကျွန်မ ဖွားဖွားဆီက အမွေရထားတဲ့ စိန်တစ်ဆင်ဆာကို မောင်ကို ပေးခဲ့တယ်"

"ဟင် စိန်တစ်ဆာ"

စိန်တစ်ဆင်ဆာ ဟူသော စာထဲမှ စကားလုံးကြောင့် တိုင်း မျက်လုံးတွေ ပြူးသွားရသည်။ မေမေအား ငွေလို၍ ရောင်းလိုက်သည်ဟူသော စိန်တစ်ဆင်ဆာက ရာပြည့်ကျော်ကို ပေးလိုက်သည်တဲ့လား။ မိုက်လိုက်တာ မမရယ်။

ထို စကားကို တိုင်းရင်ထဲကသာ ရေရွတ်လိုက်မိသည်။

နောက်စာမျက်နှာ တစ်ရွက်ကို လှန်ကြည့်မိသည့်အခါတွင်တော့

နှလုံးသားကိုရင်း၍Where stories live. Discover now