Unicode
"လူနာ.."
"မကုနိုင်ဘူး"
"လူနာကို ကျွန်တော့်ဆီလွှဲပေးထားတာမို့"
"မကုနိုင်ဘူးလို့ ပြောနေတယ်လေ မင်းနားမပါဘူးလား"
"ကျွန်တော်နဲ့ပဲ ကုမှရမှာ"
"ဘာလဲ ဟိုကောင်က မကုတတ်လို့လား..၊ ဒါများ ဆရာဝန်လုပ်နေသေးတယ်"
"မဟုတ်..သူမအားလို့..."
"မအားရင် ဘာလို့ ရက်ချိန်းခေါ်လဲ...ပြန်မယ်"
"လူနာ ဒီနေ့မှ အရိုးမဆက်ရင်.."
"ဒုန်း...ခလွမ်း...ချွင်း....."
ဆေးပစ္စည်းတွေထည့်ထားသော စတီးတွန်းလှည်းကို အားဖြင့် ဆွဲလှန်ချကာ သောင်းကြမ်းနေသော လူနာကြောင့် ခွဲစိတ်ခန်းတစ်ခုလုံး ဗြောင်းဆန်လို့နေပေသည်။
"လူနာ ခွဲတာလေးပဲ ကျွန်တော် ခွဲ..."
"မကုဘူး..."
"ဝုန်း...."
"ခလွမ်း.."
အနားရှိအရာအားလုံးကို ပစ်ပေါက်၊ တွန်းလှဲ၊ ရိုက်ခွဲနေသူကြောင့် ခွဲစိတ်ခန်းအတွင်းမှ ဆရာဝန်နှင့် သူနာပြုမလေးများတင်မက အပြင်ရှိလူများအားလုံးလည်းလန့်ဖြန့်ကုန်ကြသည်အထိ ဆူညံသံတို့က ထွက်နေလေသည်။
"လူနာ စိတ်လျော့ပါ.....ထုံဆေးထိုးပြီးလုပ်"
"အား....."
ခွဲခန်းမှ သူနာပြုမလေးများ၏အော်သံမှာ ကျယ်လောင်စွာထွက်ပေါ်လာပေသည်။ ဒေါက်တာမှာလည်း ပြောစရာစကားတို့ပင် ရှာမရလောက်အောင်ကို ခေါင်းနပန်းကြီးသွားရသည့်အထိ။
အကြောင်းမှာ ခွဲစိတ်ခန်းသုံးဓါးကိုသုံးကာ လူနာက အရိုးဆက်ရမည့်လက်အား ထိုးချလိုက်သောကြောင့်ဖြစ်သည်။ လူနာ စိတ်ထင်ရာဆက်မလုပ်ဖို့ရန်မှာ သူပြောသည့်သူကိုသာ ခေါ်ပေးဖို့ရန် ကျန်တော့သည်။
ခွဲခန်းရှိဒေါက်တာလည်း သူနာပြုမလေးတစ်ယောက်အား ဒေါက်တာကင်မ်ကို ခေါ်ဖို့ မျက်ရိပ်မျက်ကဲပြလိုက်တော့ သူနာပြုသုံးယောက်လုံး အလုအယက် ခွဲခန်းထဲမှ ပြေးလို့ထွက်သွားလေသည်။

YOU ARE READING
The Reckoning
FanfictionJeon JungKook X Kim Taehyung Unicode X Zawgyi Warning ⚠️ #possessive #adult -content #strongwords #sexual-content #drugs အထက်က အချက်များ ပါဝင်သည့်အတွက် စာဖတ်သူများအနေဖြင့် ထိုအချက်တို့အား Sensitive ဖြစ်ပါက မဖတ်ရှူဖို့ မေတ္တာရပ်ခံပါရစေ။ ထို့အပြင် ဇာ...