Unicode
"ကိုယ့်အဖေကိုတောင် လာမတွေ့နိုင်လောက်အောင် ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်နေတာလား"
"ထင်တာမဟုတ်ပဲ ကျွန်တော်က အရမ်းကို ဟုတ်နေတာလေ"
"အိမ်ပြန်လာခဲ့"
"မလာနိုင်သေးဘူး"
"တစ်ကောင်ကြွက်လို လုပ်မနေနဲ့စမ်း..ညနေ အိမ်ကို ပြန်လာခဲ့"
"လာမှာ ပြန်လာမှာ အခုတော့မဟုတ်သေးဘူး"
"အခုမဟုတ်သေးဘူးဆိုတော့ ငါသေမှများ လာမှာလားဟမ်"
"သုံးလလောက်ပဲ စောင့်"
"အေးပါ ပြန်လာမယ်ဆိုလည်း ငါမသေခင်လာ၊ ဒါမှ မိသားစု စုံစုံလင်လင်လေးနေရမှာ"
"တော်စမ်းပါဗျာ..အမေမရှိတော့ကတည်းက မိသားစုက မစုံတော့တာ"
"မင်း လူတွေအပေါ် မေတ္တာထားစမ်း"
"ဒယ်ဒီ့လို မေတ္တာတွေ ပေါနေတဲ့ကောင်မဟုတ်ဘူး၊ ပြန်လို့ရပြီ"
ဂျောင်ဂု သူ့ဒယ်ဒီအား ထိုသို့ပြောပြီးနောက် မန်နေဂျာအား ဒယ်ဒီ့ကိုပြန်ပို့ရန် လာခေါ်ခိုင်းလိုက်သည်။
ဒီနေ့ သူ လုပ်စရာတွေ ပုံနေပါသည်ဆိုမှ အလုပ်ထိ ဒယ်ဒီက လာတရားချနေသည်မို့ စိတ်ပင်ရှုပ်သွားရသည်။
project က စ,လုပ်နေတာ ဒီနေ့နဲ့ဆို နှစ်ပတ်ရှိပြီမို့ သူသွားကြည့်ရအုံးပေမည်။ သူလာမည်ကို သိလျှင် သတင်းထောက်များ ရောက်လာနိုင်၍ သတင်း မပေါက်ကြားရန်ပြင်ဆင်နေရသည်။
"အစ်ကိုလေး site ထဲ အခု သွားလို့ရပါပြီ"
အခန်းထဲပြန်ဝင်လာသော မန်နေဂျာ၏ စကားကြောင့် ဂျောင်ဂု လက်ကနာရီကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်က..
"12နာရီဆိုတော့ မှီပါတယ်..သွားတာပေါ့"
ဂျောင်ဂု စားပွဲပေါ်တွင်တင်ထားသော ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် ချက်ချင်းပင် ရုံးခန်းအပြင်သို့ထွက်လာလိုက်သည်။ မန်နေဂျာသည်လည်း နောက်၌ကပ်၍ပါလာသည်။
Siteထဲသို့ ရောက်သည်နှင့် ဂျောင်ဂု၏မျက်နှာတို့က ပုံမှန်လိုမဟုတ်တော့ပဲ တည်သွားကာ ဒေါသအရိပ်တို့ကလည်း ထင်းနေပေသည်။

YOU ARE READING
The Reckoning
FanfictionJeon JungKook X Kim Taehyung Unicode X Zawgyi Warning ⚠️ #possessive #adult -content #strongwords #sexual-content #drugs အထက်က အချက်များ ပါဝင်သည့်အတွက် စာဖတ်သူများအနေဖြင့် ထိုအချက်တို့အား Sensitive ဖြစ်ပါက မဖတ်ရှူဖို့ မေတ္တာရပ်ခံပါရစေ။ ထို့အပြင် ဇာ...