Introduction

581 21 0
                                    

"ဟိုကောင် ဂျောင်ဂု.. မင်းဆင်းလာစမ်း"

"မင်းကိုငါ ဆင်းလာခဲ့လို့ပြောနေတယ်လေ"

"အကိုရယ် ကလေးကို မဆူပါနဲ့"

ခြေသံ တဒုန်းဒုန်းဖြင့် အပေါ်ထပ်မှ ဆင်းလာသော ဂျောင်ဂု။ အသက်ရှူသံတို့ကလဲ မြန်လျက်။

"မင်းက အလိုလိုက်ထားလို့ ရောင့်တက်နေတာပေါ့လေ ဟမ်..ဟုတ်လား"

"ဒယ်ဒီ လုပ်တာကရော ဟုတ်လို့လား"

"ဘာကွ.."

"မာမီ့ရက်လည်ပြီးတာတောင် တစ်ပတ်မပြည့်သေးဘူး နောက်မိန်းမယူလိုက်တယ်.. ယူလိုက်တဲ့ မိန်းမကလဲ..."

"မင်း... ဒါကလေးပြောရမယ့်စကားလားကွ"

"အကိုရယ် ကလေးက ငယ်သေးတော့ မသိလို့ပြောတာနေမှာပါ"

"မင်း ငါ့မျက်စိရှေ့က ခုထွက်သွား"

"သွားမှာ သွားမှာ"

၁၀နှစ်သာသာ ကလေးငယ်တစ်ယောက်က မျက်ရည်များကျနေသည့်ကြားက ရှိုက်သံပင်မထွက်နိုင်အောင် ပြန်ပြောသော စကားတို့ဟာ သူ​၏ ခံစားချက်တို့ အား တွေ့ကြည့်ရုံဖြင့် မြင်သာထင်သာ ရှိလှသည်။

"သား... မင်း ညီလေးကို သွားချော့လိုက်အုံး.."

မေမေရဲ့စကားတို့အား တခါမှသွေဖယ်ဖူးသူမဟုတ်သည့်အတွက် ညီအရင်းမဟုတ်သော်လည်း အပေါ်ထပ်ကို တက်ကာ သူချော့ဖို့ ဟန်ပြင်ခဲ့ပါသော်လည်း...

"သွား...ထွက်သွား..မင်း...ငါ့အခန်းထဲကိုမလာနဲ့"

"မင်းတို့ သားမိကို မုန်းတယ်"

သူ့အနီးရှိ ပစ္စည်းများနှင့်ပင် ပစ်ပေါက်နေသော ဂျောင်ဂုကြောင့် လာချော့သူမှာလဲ လက်လျော့ကာ အောက်ထပ်သို့ပြန်ဆင်းသွားခဲ့သည်။

ထိုနေ့မှစ၍....
-----
"သားငယ် ဒီဟင်းလေးစားကြည့် အချိုချက်လေး"

"မလိုဘူး..လာမထည့်နဲ့"

"မင်းမာမီက မင်းကိုစားစေချင်တာကို"

"သူက ကျွန်တော့်မာမီမဟုတ်ဘူး"

ကလေးငယ်ဖြစ်သော်လည်း စိတ်တိုတိုနှင့်ပြောသောကြောင့် အသံမှာ ခပ်ဆူဆူဖြင့် ကျယ်လွန်းသည်။

The ReckoningWhere stories live. Discover now