-9-

225 17 5
                                    

Unicode

"မာမီကတော့ ငါ့သားရဲ့ ချစ်သူဆိုလို့ အများကြီးမျှော်လင့်ထားခဲ့ရတာ"

"မင်း ဒီလိုလုပ်လိမ့်မယ်လို့မထင်ထားဘူး"

"မာမီ့ကို ပြောစမ်းပါ..မင်းဘာလို့ ဂျွန်ဂျောင်ဂုကိုမှလဲ ဟမ်"

"မင်းနဲ့ ဆွေမျိုးတော်နေပြီလေ"

"မင်းတို့က လွန်ကုန်ပြီတဲ့လား..တကယ်မဟုတ်ဘူးမို့လား..မာမီကို ပြော..ပြောစမ်းလို့..ကင်မ်ထယ်ယောင်း"

"ဂျွန်ဂျောင်ဂု..မင်း ဒါတမင်လုပ်တာမို့လားဟမ်"

"ကင်မ်ထယ်ယောင်းက ဆိုဟီးရဲ့သားမှန်းသိလို့ မင်း ဒါတမင်လုပ်တာမို့လား"

"ကျွန်တော် မနိုင်သေးဘူး..ဒီကောင် ဗိုက်ကနေ ကျွန်တော့်သွေးသားတွေပါ ရအောင်မွေးခိုင်းအုံးမှာ"

အိပ်မက်တို့ကြား အသည်းအသန် ရုန်းထနေသူမှာ ချွေးများလည်း ရွဲစိုလို့ပင် ဖြစ်သည်။အိပ်မက်တို့ကြားမှ ရုန်းထွက်လာနိုင်သည့်အခါ အိပ်ရာထက် ထထိုင်လိုက်ပြီး ကုတင်ဘေးရှိ ရေခရားမှ ရေတစ်ခွက် သောက်လိုက်ရသည်။

ရေသောက်ပြီးနောက် ပြန်အိပ်ရန် လှဲလိုက်ချိန်တွင် ခါးအား လာဖက်သော လက်ကြောင့် ထယ်ယောင်း အလန့်တကြားဖြင့် အမြန်ပြန်ထိုင်ကာ ကြည့်လိုက်မိပြီး မြင်လိုက်ရသူကြောင့် ချက်ချင်းပင် နှိုးကာ မောင်းထုတ်ရသည်။

"ထစမ်း..ထ.. မင်းကို ဘယ်သူက ဒီအခန်းထဲဝင်လာခိုင်းလို့လဲဟမ်"

"ထလို့..အခုထွက်သွား..ငါ့အခန်းထဲက"

ခန္ဓာကိုယ်အား လှုပ်ပြီး တဆာဆာအော်နေသောအသံတို့ကြောင့် ဂျောင်ဂု နိုးလာက သူ့အား နှိုးသည့်သူအား ပြုံးပြီးကြည့်နေမိသည်။

"ဘာကြည့်တာလဲ..မင်းကို ငါအခုထွက်သွားလို့ပြောနေတယ်နော်"

"ဟောဗျာ..ကိုယ့်အိမ်သူလေးရဲ့ဘေးအိပ်တာပဲကို"

"တော်စမ်း..ဘယ်သူက မင်းအိမ်သူမို့လို့လဲ...ထွက်သွားလို့ ငါပြောနေတယ်နော်"

"မထွက်သွားနိုင်ဘူး"

"ရတယ် ငါ သွားမယ်"

ထယ်ယောင်း ကုတင်ပေါ်မှ ဆင်းတော့ လက်ကိုလှမ်းဆွဲလာသူ။

The ReckoningWhere stories live. Discover now