Unicode
"ထယ်ယောင်း ပါမောက္ခက ရုံးခန်းထဲ ခဏလာပါအုံးတဲ့"
"အော်အင်း သွားလိုက်မယ်"
အတန်းခေါင်းဆောင်က လာပြောသောကြောင့် ထယ်ယောင်းရေးလက်စ စာကိုရပ်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။
မေမေက ဆေးကျောင်းတက်စေချင်သောကြောင့်သာ ထယ်ယောင်း ဆေးကျောင်းကို ရွေးချယ်ခဲ့ရခြင်း။ ဖေဂျွန်ရဲ့ ဂရုတစိုက် ဖြည့်ဆည်းပေးတာတွေကြောင့်မို့လည်း အခုလို မေမေတက်စေချင်တဲ့ ဆေးကျောင်းကို တက်နိုင်ခဲ့ခြင်းဖြစ်သည်။
အခုနှစ်ဆို ဆေးကျောင်း နောက်ဆုံးsemကိုရောက်နေပြီဖြစ်သည်။ မကြာခင်မှာ ဘွဲ့ရပြီး ထိပ်တန်းလုပ်ငန်းစုဖြစ်တဲ့ ဂျွန် Groupရဲ့ ဆေးရုံမှာ အလုပ်ဝင်ရတော့မည်ဖြစ်သည်။ ဖေဂျွန်ရဲ့ အရှိန်အဝါကြောင့်ပင် အစိုးရဆေးရုံတွေမှာ အလုပ်မလုပ်ရပဲ သူ့ဆေးရုံမှာပဲ အလုပ်သင်ဆရာဝန်အဖြစ်ဝင်ရမည်ဖြစ်သည်။
အခုလည်း ပါမောက္ခက ဖေဂျွန်ဆီ Funds များများရအောင် ဘယ်လိုတွေ ပြောခိုင်းဖို့ ခေါ်သည်မသိ။ တချို့တွေ ထိပ်တန်းလုပ်ငန်းရှင်တွေရဲ့ သားသမီးဖြစ်ချင်ကြသည်က မိဘအရှိန်နဲ့ ပ,စားပေးခံချင်လို့ပေမယ့် ထိုထဲတွင် ထယ်ယောင်းတော့ မပါပေ။ သို့သော် နယ်စပ်တွေကို မေမေက မသွားစေချင်သောကြောင့် ခုတော့ သူတို့၏ အရှိန်အားယူသုံးနေရပေသည်။
"သားလေး ကင်မ်, ထိုင်ပါအုံးကွဲ့၊ ကော်ဖီသောက်အုံးမလား"
"တော်ပါပြီ ပါမောက္ခကြီး၊ ခေါ်လိုက်တယ်ဆိုလို့ပါ....တစ်ခုခုများပြောစရာရှိလို့လားဗျ"
"အယ်..၊ အထွေးအထူးတော့မဟုတ်ပါဘူးကွယ်..၊ အကူအညီလေးတောင်းစရာရှိလို့ပါ"
ထယ်ယောင်းကြိုတင်တွေးဆထားသည်က မမှားဘူးဆိုလျှင် ရန်ပုံငွေ ကိစ္စသာဖြစ်မည်ဖြစ်သည်။ ထို့ကြောင့် ထယ်ယောင်း ဟန်ဆောင်ပန်ဆောင်ပင်မနေနဲ့ တည့်ပေးလိုက်သည်။ ကိုယ်လည်း အစိုးရအလုပ်မလုပ်ရဖို့ လိုသေးသည်မို့လား။
"ရန်ပုံငွေလိုလို့လား ပါမောက္ခကြီးခင်ဗျ"
"ဒီနှစ် ကျောင်းဝင်ခွင့်ရတဲ့သူနည်းတယ်ကွ၊ ဆရာတို့လည်း ကျောင်းဝင်ခွင့်ရလို့ လာအပ်တဲ့ငွေလေးကို ရန်ပုံငွေလုပ်ပြီး ကျောင်းလိုအပ်တာတွေ ဖြည့်ရတာလေ၊ သားကလည်း ဒီနှစ်နောက်ဆုံးနှစ်ဆိုတော့.."
YOU ARE READING
The Reckoning
FanfictionJeon JungKook X Kim Taehyung Unicode X Zawgyi Warning ⚠️ #possessive #adult -content #strongwords #sexual-content #drugs အထက်က အချက်များ ပါဝင်သည့်အတွက် စာဖတ်သူများအနေဖြင့် ထိုအချက်တို့အား Sensitive ဖြစ်ပါက မဖတ်ရှူဖို့ မေတ္တာရပ်ခံပါရစေ။ ထို့အပြင် ဇာ...