-10-

306 16 2
                                    

Unicode

ဆေးရုံဝင်းထဲသို့ ဝင်လာသော ကားအနက်ရောင်လေးကြောင့် ထယ်ယောင်း​၏ မျက်နှာမှာ အပြုံးခပ်ရေးရေးလေးများက မသိမသာ ပေါ်နေသည်။

အကဲခတ်ကျွမ်းသည်လား၊ မြင်ပါများ၍ မှတ်မိနေသည်ပဲလား သူနာပြုမလေးများမှာ ထိုအပြုံးတို့က လျှပ်တစ်ပြက် မြင်လိုက်ရသည်နှင့် ထယ်ယောင်းအား စ,လာကြတော့သည်။

"အမလေးနော်၊ ဒေါက်တာတို့များ ညနေဆို ကားနဲ့ လာကြိုတဲ့သူနဲ့ ဘာနဲ့၊ ငါတို့များတော့ ကားမပြောနဲ့ ဆိုက်ကားနဲ့တောင် လာကြိုမယ့်သူမရှိပါလားအေ"

"ဒါဆို ကင်ဆာဆောင် ဆေးပေးခန်းက နင့် ကောင်လေးကရော"

"အို..ဒင်းလား မားမားဘွိုင်းလေး..ညနေ ရုံးဆင်းတာနဲ့ မေမေစိတ်ပူမှာဆိုးလို့တဲ့ဆိုပြီး..အိမ်ကိုပြေးတာမှ တန်းနေရောပဲ"

ထိုသူနာပြုမလေး​၏ အပြောကြောင့် ထယ်ယောင်းအပါအဝင် အနီးအနားရှိလူများက ရယ်မိကုန်ကြသည်။

"ငါလည်း မားမားဘွိုင်းပါပဲနော်....ဟွန်း"

ထယ်ယောင်းက ပစ္စည်းတို့အား သိမ်းနေရင်း ပြောလိုက်ပြီးနောက် ခေါင်းငုပ်ကာ ခိုးရယ်လို့နေသည်။

"ဒေါက်တာကမှ နှစ်ယောက်ထဲ သီးသန့်တွေ့ကြပါသေးတယ်..ဟိုမားမားဘွိုင်းကတော့ အလုပ်မှာပဲ တွေ့နေရတာ"

"မရမက ခေါ်ပေါ့..ကိုယ့်ဘာသာ မစွမ်းဆောင်နိုင်ပဲ.."

"ဒေါက်တာကလည်း"

"ဒေါက်တာက မလဲဘူး...သွားပြီ ဘိုင်းဘိုင်း.."

ထယ်ယောင်း​၏ ခြေလှမ်းတို့မှာ မြောက်ကြွမြောက်ကြွဖြစ်နေသကဲ့သို့ အပြုံးတို့ဟာလည်း မျက်နှာထက် ထင်းနေသည်။

ကားပေါ်တက်လာသော ထယ်ယောင်းအား ဂျောင်ဂုက အပြုံးနုနုတို့ဖြင့် စီးကြိုလေသည်။ ထယ်ယောင်း သေချာထိုင်ပြီးသည်နှင့် ဂျောင်ဂုက ခါးကိုင်းကာ ထယ်ယောင်းအား ခါးပတ်လှမ်းပတ်ပေးလေသည်။

"ရွှတ်...မွ.."

ရုတ်တရက် ပါးပြင်သို့လာနမ်းသော အနမ်းကြောင့် ဂျောင်ဂုမှာခါးပတ်ပတ်ပေးနေရင်ဖြင့် ခေတ္တမျှ ရပ်တန့်သွားရသည်။ ဒုတိယတစ်ကြိမ် ထပ်နမ်းလိုက်သည့်အခါမှ သတိပြန်ဝင်လာခဲ့သည်။

The ReckoningWhere stories live. Discover now