-12-

625 34 3
                                    

Unicode

"မင်း ​ေ-ာက်ချိုးကို ပြင်မှာလား မပြင်ဘူးလား"

ဂျောင်ဂု​၏ ဒေါသသံက ရုံးခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ဒီနေ့ကစပြီး မင်းဆက်ဆံသလို မင်းကို ပြန်ဆက်ဆံပြမယ်"

"အေး...လုပ်လိုက်လေ..အခုတော့ ဖွက်ထားတဲ့ လက်သည်းတွေ ဖွင့်ချပြီမလားဟမ်.."

"ငါဘက်က..မဟုတ်ဘူး....ငါတို့သားအမိက ဘာအမှားမှမလုပ်ထားတာမို့ မင်းအခုလို လုပ်နေတာကို ငါက ငြိမ်မခံနိုင်တော့တာ"

"အဲ့တော့ ငါက ဘာလုပ်ရမှာလဲ...ဟမ်"

ဂျောင်ဂု​၏ ဒေါသပါသော ခြေလှမ်းတို့က ထယ်ယောင်းနားသို့ စက္ကန့်အပိုင်းတွင်ရောက်သွားစေကာ လက်ထဲတွင် ကိုင်ထားသော ဖုန်းအား ရိုက်ခွဲလိုက်သည်မှာ ထယ်ယောင်းပင် ဆတ်ခနဲတုန်သွားသည်အထိ။

"မင်း..မင်းကို ငါ မချစ်တော့ဘူး"

"ငါ့ဘက်ကလဲ..မင်းကို ချစ်ပါတယ်လို့..တခါမှမပြောခဲ့ဘူး"

"မင်း..ဟင့်...မင်းပြောခဲ့တဲ့လေ..အခုမှ..ဇွတ်ငြင်း.."

"နိုး........ နိုး..ငါနဲ့တွဲမလားပဲပြောခဲ့တာ..မင်းဘာသာ ​ေ-ာက်Feelတွေတက်ပြီး ငါ့ကို ချစ်သွားတာတော့ ငါလဲမတက်နိုင်ဘူး.."

"မင်း...အရမ်းကို လုပ်ရပ်တယ်နော်....ငါကိုယ်တိုင်ကလဲ ညံ့တာပါ.."

ထယ်ယောင်းသည် မျက်ရည်များကြားမှ သူခံစားနေရသည့် နာကျင်မှုတို့အား ဖွင့်ဟပြနေပြီး ကိုယ့်ကိုကိုယ်လည်း လူအကဲခတ်ညံ့လွန်းခြင်း၊ အယုံလွယ်ခြင်းတို့အား စိတ်ထဲမှ အပြစ်တင်နေခဲ့သည်။

သူနှင့်ဂျောင်ဂုတို့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ အခုလို ရန်ဖြစ်နေရသည့်အပေါ်လည်း ထယ်ယောင်းမှာ များစွာဝမ်းနည်းနေရသည်။

ချစ်သူဘဝတုန်းကကဲ့သို့ နှစ်ပတ်လည်နေ့များတွင် အတူရှိချင်မိ၍ ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်ခဲ့သူ၊ မေမေ့ကို ဝမ်းနည်းအောင်လုပ်ခဲ့သူကို အတူရှိချင်ကြောင်း ညစာအတူစားဖို့အကြောင်း
များ အောက်ကျနောက်ကျခံ၍ ချစ်မိသူတစ်ယောက်အနေနဲ့ အရာအားလုံးအရှုံးပေးကာ ပြောမိသည်ကို ပြန်ရလိုက်သည့်က အရွဲ့တိုက်စကားများနှင့် သူ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးဆိုသည့်အမှန်တရား တို့ဖြစ်ပေသည်။

The ReckoningDonde viven las historias. Descúbrelo ahora