Unicode
ဂျောင်ဂု လုပ်ငန်းထဲမှာ ဆက်တိုက် ဖြစ်နေသော ချစားမှုများကို ရှင်းလင်းနေရာ၍ မအားလပ်သည်မှာ နှစ်ပတ်ခန့်ပင်ရှိပြီဖြစ်သည်။
မအားသည့်အတွက် ထယ်ယောင်းကို သွားမတွေ့နိုင်သော်လည်း ဖုန်းအမြဲဆက်ဖြစ်သည်မို့ သူတို့နှစ်ဦး၏ အခြေအနေက အတော်လေးပင် တိုးတက်နေပြီဖြစ်သည်။
သူ၏ ဒယ်ဒီလည်း အရင်တစ်ခေါက် သူ့ဆီလာပြီးကတည်းက မလာတော့သည်မို့ အာရုံစိုက်စရာတို့အား သေချာအာရုံစိုက်နိုင်မည်ဖြစ်သည်။
ထယ်ယောင်းနှင့် တွဲနေသည်ကိုသိသွားသည့်အချိန်တွင် ဒယ်ဒီဖြစ်သွားမည့် ပုံစံကို ဂျောင်ဂု တကယ်ပင် မြင်ချင်လွန်းသည်။
ထို့အပြင် ထယ်ယောင်းရဲ့ ဘဝကို သူဖျက်ဆီးလိုက်တဲ့အချိန်မှာ သူ့အမေရဲ့ ရုပ်ပျက်ဆင်းပျက်ပုံကိုလည်း ဂျောင်ဂု မြင်ယောင်မိသည်အထိ။
ဘယ်လောက်တောင် ချိုမြိန်လိုက်မလဲဆိုသည်ကို တွေးရုံနဲ့ပင် မသိနိုင်လောက်အောင် အရသာရှိမည်ဖြစ်သည်။
အဲ့သားအမိကြောင့် သူ့မာမီသေသွားရတာမို့လား။ ဒီလောက်တော့ ပြန်ပေးဆပ်သင့်တယ်မို့လား။ ဒါတောင် သူကြေအေးချင်တာမဟုတ်။ လျော့လျော့ပေါ့ပေါ့လုပ်နေသည်သာ။
ရောက်ရှိလာတော့မယ့် ပျော်စရာအချိန်တွေအတွက် အခုကတည်းက အားရှိနေရမည်မို့ ကုတင်ဘေးမှ မီးအိမ်ကို ပိတ်ကာ သူ့မျက်လုံးများလည်း မှိတ်ချလိုက်တော့သည်။
---
ထိုနေ့က..ဒယ်ဒီတို့ အိပ်ခန်းတံခါးက ပွင့်နေခဲ့သည်။ ဂျောင်ဂုပေါက်စလေးဟာ အခန်းထဲမှ ထွက်လာသော အော်ဟစ်သံများကြောင့် မဝင့်မရဲဖြင့် ဟ,နေသောတံခါးသို့ ကပ်ကာ ချောင်ကြည့်ခဲ့မိသည်။
သူကြည့်လိုက်သည့်အချိန်နှင့် ကိုက်ညီလွန်းစွာ..
သူ့မာမီက ဒယ်ဒီအား ပုံများဖြင့် ပစ်ပေါက်ကာ ငိုယို၍ အော်ဟစ်ပြောနေလေသည်။ မာမီပုံစံမှာ ဆံပင်များလည်း ရှုပ်ပွနေပြီး အရာအားလုံး ဆုံးရှုံးသွားရသူတစ်ဦးကဲ့သို့။
"ရှင်ပြော..ဒါက ဘာတွေလဲလို့.."
"ညဘက် ပြန်မလာတဲ့ရက်တွေ..အလုပ်တွေမပြီးသေးလို့ဆိုပြီး...ဖြည့်တွေးပေးခဲ့ရတာ.."

YOU ARE READING
The Reckoning
FanfictionJeon JungKook X Kim Taehyung Unicode X Zawgyi Warning ⚠️ #possessive #adult -content #strongwords #sexual-content #drugs အထက်က အချက်များ ပါဝင်သည့်အတွက် စာဖတ်သူများအနေဖြင့် ထိုအချက်တို့အား Sensitive ဖြစ်ပါက မဖတ်ရှူဖို့ မေတ္တာရပ်ခံပါရစေ။ ထို့အပြင် ဇာ...