-5-

351 16 2
                                    

Unicode

"သားငယ်"

ဂျောင်ဂု အိမ်ထဲသို့ဝင်လာသည်ကို တွေ့သွားသော ဆိုဟီး ဆီမှ စကားသံ။

ထိုစကားသံကြောင့် အိမ်အဝင်ဖက်ကို ကျောပေးကာ ထိုင်နေသော သူ့အဖေ ဂျွန် နှင့် ထယ်ယောင်းတို့က လှည့်ကြည့်လို့လာခဲ့သည်။

ဂျောင်ဂု ထယ်ယောင်းအား စက္ကန့်ဝက်မျှ အကြည့်တို့ပေး၍ သူ့အဖေအား ကြည့်ကာ..

"ကျွန်တော် ဒီအိမ်နဲ့ သက်ဆိုင်သေးလားမသိဘူး"

"ကလေးရယ်..ဒါမင်းအိမ်ပါပဲကွယ်"

သူ့အဖေအားမေးသော်လည်း ပြန်ဖြေလာသူက ဆိုဟီး ဆိုသော မိန်းမပင်။

"ဒယ်ဒီ ကျွန်တော့်ကို..."

ဂျောင်ဂု စကားမဆုံးသေးခင်မှာပင် ရုတ်တရက်အနားရောက်လာခါ တင်းကြပ်စွာဖတ်ထားသော ဒယ်ဒီ။ ထိုမျှမက နှုတ်မှလည်း အဆက်မပြတ် စကားတို့ကို ဆိုရင်းဖြင့်..။

"ဒယ်ဒီက သားအပေါ် အရမ်းဆိုးခဲ့မိတာ"

"ဒယ်ဒီ အကောင်းဆုံး ဖြစ်နေစေရမယ်"

"သားငယ် ဒယ်ဒီကို မုန်းသွားပြီးလို့တောင်ထင်ထားခဲ့တာ"

မပြီးပြတ်နိုင်သောစကားများနှင့်အတူ မျက်ရည်ပင် ကျနေသော အဖေဖြစ်သူအား ဂျောင်ဂု ပြန်လည်ဖတ်ကာ နှစ်သိမ့်ပေးလိုက်မိသည်။

"ကျွန်တော်ပြန်လာပြီ၊ ကျွန်တော့်ရဲ့စိတ်ကို ပြင်ဆင်ပြီးတော့ပေါ့၊ သူတို့ကို လက်ခံနိုင်လောက်မယ်ဆိုတဲ့အထိပေါ့"

ဂျောင်ဂု​၏ စကားတို့အားကြားတော့ ဆိုဟီးနှင့် ထယ်ယောင်းတို့​၏ မျက်နှာတို့မှာလည်း ဝမ်းသာမှုက အထင်းသားပေါ်နေပေသည်။

ထိုသို့ဖြင့် ဂျောင်ဂုလည်း ဂျွန့်အိမ်တော်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်မှာ ယနေ့တွင်တော့ တစ်လပင်ရှိပြီဖြစ်သည်။

ငယ်ငယ်ကနှင့်မတူအောင် ရင့်ကျက်လာပါသော ဂျောင်ဂု​၏ အန်တီဟူ၍ ခေါ်သည်ကိုပင် ဆိုဟီးက ကျေနပ်ပျော်ရွှင်နေပြီး ဂျောင်ဂု လက်ခံလာနိုင်သည့်အချိန်သူ့ကို မွေးစားအမေ အဖြစ်ခေါ်လာမည်ကို မျှော်လင့်နေမိသည်။

The ReckoningWhere stories live. Discover now