Episode 15(Uni/Zawgyi )

1.9K 219 21
                                    


Unicode

သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၅)

အခန်းထိ မျက်လွှာလေးချလျှက် သူတွဲခေါ်သည့်အတိုင်းပါလာသော ငမူးလေးအား သက္ကရာဇ် ချစ်မြတ်နိုးစွာကြည့်လိုက်ပြီး

“လေး...”

“ဗျာ....”

“ရေးချိုးချင်လား...”

“ဟုတ်ကဲ့....”

“အဲ့ဒါဆို ကိုယ်ရေချိုးခန်း လိုက်ပို့မယ်နော်...”

“ဟုတ်ကဲ့...”

ရေချိုးခန်းအဝရောက်တော့ တွဲထားသည့်လက်ကိုဖြုတ်လိုက်တော့ ငမူးလေးက သူ့အားပြုံးပြလာရင်း
ပြောလာသည်က
“ကျေးဇူးတင်ပါတယ် ဦးဦးဗျ...”

“ဟွန်း!!! ဘာလေးလဲကွာ....”

သူ့အား hotel security ဦးလေးကြီးများနှင့်မှားနေပုံရသော အမူးသမားလေးကိုကြည့်ပြီး သက္ကရာဇ် မချင့်မရဲဖြစ်စိတ်ကပိုကြီးထွားလာသည်။
ပိတ်သွားသည့်‌ ရေချိုးခန်းတံခါးလေးကိုကြည့်ပြီး လက်သီးကိုတင်းတင်းဆုပ်ကာ ရေရွတ်လိုက်မိသည်။
“ကိုယ့်ကိုစိတ်မထိန်းနိုင်အောင်လို့ကွာ..“

တစ်ဖက်က လေးညှိုးစိမ်းလေးကတော့ ရေချိုးခန်းထဲတွင် သွားတိုက်တံထည့်သည့် ဝေလာငါးရုပ်ခွက်များဖြင့် ဆော့ကစားနေသည်။
“ဝေလာငါး‌လေး ဝေလာငါးလေး...ရေလှိုင်းစီးမယ် ဝူးးးးးး“

“ဝေလာငါးလေး ကိုကို့ကို နှာခေါင်းထဲက ရေမှုတ်ပြပါဦး ‌....ဝူး ဝူး တော်လိုက်တာ....”

ရေချိုးခန်းထဲမှ ဝေလာငါးရုပ်များဖြင့် ပျော်မွေ့နေသော လေးညှို့စိမ်း၏ အသံများကြောင့် သက္ကရာဇ်ဦးညို၏ မျက်ဝန်းညှိုလေးများက လခြမ်းကွေးလေးတွေလိုဖြစ်နေကာ မြင့်တက်နေသော နှုတ်ခမ်းထောင့်စွန်းများဟာ ပြန်ပင်မကျတော့။အမူးသမားလေး၏ ချစ်စဖွယ်အပြုအမူလေးတွေကြောင့် မြတ်နိုးစိတ်တွေက ပိုတိုးလာရသလို တစ်ဆက်တည်း မသိစိတ်နှင့်သိစိတ်ကြားက ပိုင်ဆိုင်လိုမှုတွေဟာလည်း စက္ကန့်နှင့်အမျှတိုးလာရသည်။

မြတ်နိုးမှုလေးကို ပိုင်ဆိုင်ချင်သည်။
မြတ်နိုးမှုလေးကို တစ်ညလုံး တစ်ဘဝလုံး ကာလပတ်တစ်ခုလုံး ထိုင်ကြည့်ချင်သည်။
မြတ်နိုးမှုလေးကို ပွေ့ဖက်ထားချင်သည်။အသည်းယားစွာနမ်းရှုတ်ချင်သည်။
တစ်ချို့ညတွေမှာ မြတ်နိုးမှုလေးကို နူးနူးညံ့ညံ့လေးချစ်ချင်သည်။
တစ်ချို့ညတွေမှာတော့ မြတ်နိုးမှုလေးကို ခပ်ကြမ်းကြမ်းလေးချစ်ချင်သည်။
ဘဝတစ်ခုလုံးစာနှင့် ရင်းပြီး အသည်းနင့်အောင်ချစ်ရသည်မို့ လေး ၏ဘဝတစ်ခုလုံးကိုလည်း အပိုင်လိုချင်မိသည်က သူ့၏ဆန္ဒနှင့်အမည်းရောင်အနည်းငယ်စွန်းနေသည့် သူ၏အတ္တလေးပင်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Where stories live. Discover now