Unicode
သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၆)လန်ဒန်မြို့ အထပ်မြင့်အဆောက်အဦးကြီးတစ်ခုပေါ်ရှိ အလင်းရောင်သိပ်မရှိသော အခန်းကျယ်တစ်ခုအတွင်းတွင် ပန်းချီကားချပ်များဖြင့် ပြည့်နှက်နေသည်။ဝှီးချဲလ်ပေါ်တွင်ထိုင်နေသော အသက်၅၀အရွယ်ခန့် လူကြီးတစ်ယောက်သည် နေဝင်ချိန်ကိုငေးကြည့်ရင်း မျက်ဝန်းထဲတွင် မျက်ရည်စများဝေ့သီနေလေ၏။
မရိပ်မသင်တာကြာနေပြီဖြစ်သောကြောင့် ထူထပ်ရှည်လျားနေသော ပါးသိုင်းမွှေးများ၊မှုန်မှိုင်းနေသော မျက်ဝန်းစိမ်းတစ်စုံ၊ချစ်ရသည့်အမျိုးသမီးလေးနှင့် အပြီးတိုင်ဝေးကွာခဲ့ရသည့်အချိန်မှစ၍ သူ့ဘဝဟာလည်း အမှောင်ထဲအတိကျရောက်သွားခဲ့သည်မှာ၂၄နှစ်တိုင်ရှိခဲ့ပြီဖြစ်သည်။
တစ်ဘဝလုံး မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ခြင်းများထဲ သူရှင်သန်လာခဲ့သည်။အခုချိန်ထိ ဒဏ်ရာများနှင့်ရှင်သန်နေရသည်မှာလည်း ချစ်ရသူဆီက ခွင့်လွှတ်မှုကို မတောင်းခံရဲ၊မတောင်းခံနိုင်သောကြောင့်ဖြစ်သည်။လွန်ခဲ့သော ၂၄နှစ်က အဖြစ်ဆိုးကြီးသာ မရှိခဲ့လျှင် သူမနှင့်အတူ သူ့ဘဝကြီးက သားသား၊မီးမီးများဖြင့် အရောင်အသွေးစုံလင်ပြည့်စုံနေလောက်သည်။အခုတော့ သူ့ဘဝက ဝှီးချဲလ်ပေါ်မှာပဲ ဘဝဆုံးနေရသောကြောင့် သူမရှေ့၊သူမအရိပ်၊သူမသတင်း၊ဘာကိုမှအယူမခံနိုင်ရဲပေ။
အကြောင်းပြချက်မရှိ ဖြတ်တောက်ခဲ့သည့် ကာလများအတွက်အပြစ်ဒဏ်လား၊မတည်နိုင်ခဲ့သည့်ကတိတွေကြောင့်လား၊သူမမေတ္တာတွေစူးခဲ့သည်လား။ကိုယ်ကိုကိုယ်ခွင့်မလွှတ်နိုင်သည်မို့ ပန်းချီကားများပေါ် စိတ်အမှောင်တွေပုံချရင်း သူဟာ ယနေ့တိုင်ထိ ရှင်သန်နေခဲ့လေသည်။
အခန်းတွင်း နံရံထက်က ပန်းချီးကားချပ်ကြီးတွင်တော့ သနပ်ခါးများဖွေးနေအောင်လိမ်းထားသော သွားစွယ်လေးများနှင့် အလှပဆုံးသော အပြုံးပိုင်ရှင်လေးက သူ့အားအဖော်ပြုလျှက်ရှိနေခဲ့ပြီး ပန်းချီကားအောက်ခြေတွင် မြန်မာလို မပီမသစုတ်ချက်များနှင့်အတူ နာမည်လေးတစ်ခုကိုရေးဆွဲထားလေသည်။
ထိုနာမည်လေးဘေးမှာတော့ T.