Unicode
သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၇)သူတို့ ပန်းချီပြခန်းကိုရောက်တော့ ညနေ၄နာရီဝန်းကျင်ခန့်ရောက်သွားပြီဖြစ်သည်။ လေလံပွဲက ၆နာရီမှ စမှာဖြစ်သည့်အတွက် ပန်းချီပြခန်းအား လှည့်ပတ်ကြည့်ဖို့ အချိန်ကောင်းကောင်းလုံလောက်သည်။နှစ်ယောက်သား ကားပေါ်ရောက်ကတည်းကနေ ပန်းချီပြခန်းရောက်သည်အထိ စကားမပြောဖြစ်ကြသေး။တစ်ယောက်ကတိတ်ဆိတ်လွန်းသူဖြစ်ပြီး တစ်ယောက်က စကားစရှာမရသူဖြစ်နေသည်။
မျက်ဝန်းညိုလေးက ဘယ်လိုစကားမျိုးပြောရမလဲ အသည်းအသန်စဉ်းစားနေသော်လည်း မျက်ဝန်းစိမ်းလေးများကတော့ ပန်းချီကားချပ်များအပေါ်တွင်သာစိတ်အာရုံအလုံးစုံက ကျရောက်နေသဖြင့် မျက်ဝန်းညိုလေးမှာ တိတ်တဆိတ်ဖြင့်သာ ဘေးကလိုက်ပါကြည့်ရှု့နေလိုက်သည်။
လူတွေရဲ့ အကောင်းဆုံးစိတ်ထွက်ပေါက်တွေထဲမှာ ပန်းချီဆွဲခြင်းသည်အဓိကနေရာကနေ ပါဝင်သည်ဟု လေးညှို့ ထင်မိသည်။အရမ်းစိတ်ပင်ပန်းလာတဲ့အခါမျိုးတွေမှာ လူအများစုက စိတ်ထွက်ပေါက်ရှာတတ်ကြသည်။လေးညှို့ကိုယ်တိုင်လည်း အရမ်းစိတ်ပင်ပန်းလာသည့်အခါမျိုးတွေဆို သီချင်းနားထောင်ဖြစ်သည်။Artist T ပန်းချီကားချပ်များကို လိုက်ကြည့်ဖြစ်သည်။တခြားပန်းချီဆရာများထဲတွင်လည်း သူကြိုက်သည့်လက်ရာမျိုးပါလာရင် သူသေချာလိုက်ကြည့်ဖြစ်သေးသည်။
လေးညှို့ပန်းချီမဆွဲတတ်ပါ။ပန်းချီနှင့်ပတ်သက်လာလျှင် နှစ်ခြိုက်သလောက် သူ့မှာပါရမီဆိုတာကတော့ပါမလာပေ။ တီသာကတော့ လေးညှို့က မေမေ့ကိုတူလို့ မဆွဲတတ်တာဟုပြောလေ့ရှိသည်။ မျဉ်းဖြောင့်တောင်ကောင်းကောင်းမဆွဲနိုင်ပေမယ့် ပန်းချီကားများအပေါ် သူ၏ ဝေဖန်ခံစားနိုင်စွမ်းကတော့ အရမ်းမြင့်သည်။ပန်းချီကားချပ်ကိုကြည့်လိုက်သည်နှင့် ဆွဲသည့်သူ၏စိတ်ထဲ ဘာတွေတွေးနေမည်ဆိုတာ သူခန့်မှန်းနိုင်သည်။လူတွေရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး ပန်းချီကားချပ်တွေက ရုပ်လုံးပေါ်တတ်သည်ပဲမဟုတ်လား။
ယခုလည်း မျက်စိရှေ့က Artist T ၏ နေဝင်ချိန်ကိုရေးဆွဲထားသည့် ပန်းချီကားချပ်ကို ငေးကြည့်ရင်း စိတ်ထဲတွင် ခန့်မှန်းနေမိသည်။