part_6

437 60 33
                                    

အပိုင်း_၆

.....

မင်ဂယူခေါ်ဆောင်ရာပါလာပြီးတဲ့နောက် ၀န်ဝူးက ၀တ်ထားတဲ့ အညိုရောင်အပေါ်ထပ်ကုတ်ကို လက်ကကိုင်လျှက် ဟန်ဆိုးကို လှမ်းနှုတ်ဆက်သည်။

"၀န်ဝူးဟျောင်းရော ပါလာတာလား အတော်ပဲ လူများတော့ပိုကောင်းတာပေါ့"

ဟန်ဆိုးက နွေးနွေးထွေးထွေးကြိုဆိုရင်း ဆွန်းဂွမ်နဲ့အတူဆောက်ထားတဲ့ campingတဲလေးနှစ်ခုကို လက်ညှိုးညွှန်ပြသည်။ သူဘယ်လိုကြိုးစားဆောက်ထားရကြောင်း သူ့အစ်ကိုကို ပြန်ပြောနေတော့ အစ်ကိုဖြစ်သူကလည်း ဂုဏ်ယူစွာ နားထောင်ပေးနေတာတွေ့ရလေသည်။

"‌၀န်ဝူးရှီး ကျွန်တော်ဒီနားလမ်းလျှောက်ဖို့ လိုက်ဦးမလား"

ညီကိုနှစ်ယောက်ရဲ့စကားဝိုင်းထဲ ပျင်းလာပုံရသော ဆွန်းဂွမ်က အဖော်ညှိလာတာမို့ ၀န်ဝူးထလိုက်သွားသည်။ ထို့နောက် ကျယ်ပြောလှတဲ့ ချွဲအိမ်တော်ရဲ့ နောက်ဘေးကရေကူးကန်ကြီးနား စကားတပြောပြောနဲ့ရောက်ရှိသွား၏။

"ပြခန်းမှာလုပ်ရတာ သက်သာတယ်မလား၊ ဆေးရုံကတော့ တော်တော်ရှုပ်တာ.."

"ဟုတ်ကဲ့ ၊ ဒါပေမယ့် မနက်ဖြန်ကစပြီး ပြခန်းကို ဆွန်းဂွမ်ရှီးတာ၀န်ယူမှာဆိုလို့ ကျွန်တော်ဒီနေ့ ဘာမှတောင် မသင်ခဲ့လိုက်ရဘုး"

"Bossကပြောတာလား"

"ဟုတ်ပါတယ်"

"ဒါနဲ့ ၀န်ဝူးရှီးက ဟန်ဆိုးနဲ့ ဘယ်လိုလုပ်သိတာလဲ"

"အာ ဟန်ဆိုးနဲ့လား...အဲ့တာက နည်းနည်းတော့ဆန်းကျယ်တယ်။ ဘယ်လိုပြောရမလဲ ကျွန်တော်တို့ brandရဲ့ အမာခံပုရိသတ်လို့ပြောရမလား ၊ ဟန်ဆိုးက ကျွန်တော်တို့ စက်ရုံကထုတ်သမျှ ၀ယ်၀တ်တာလေ ၊ပင်တိုင်ဖောက်သည်လိုဖြစ်နေတော့ ရင်းနှီးသွားတာပါ"

"အော် သူအမြဲ၀တ်နေတဲ့ ဟိုဟူဒီက အဲ့ကလား"

"ဗျာ...အာ ဟုတ်လောက်မယ်"

"မဆိုးပါဘူး နွေးတော့နွေးပါတယ်"

အရွဲ့တိုက်နေတယ်လို့ထင်ရပေမယ့် ချီးကျူးနေတဲ့ပုံလည်းပေါက်တာကြောင့် ၀န်ဝူး အပြုံးနဲ့တုန့်ပြန်လိုက်လေသည်။

PartnerWhere stories live. Discover now