အပိုင်း_၁၈
......
စိတ်ရှုပ်လို့ မင်ဂယူအပေါ်ထပ်ကရေကူးကန်မှာ သွားဝေ့နေတုန်း အခန်းထဲပြန်ရောက်နှင့်နေတဲ့ ၀န်ဝူးက သူ့အ၀တ်တွေကို အထပ်လိုက် ကုတင်ပေါ်တင်ထားသည်။
"အဲ့တာ ဘာလုပ်နေတာလဲ"
ရုတ်တရက်အော်လိုက်တော့ ၀န်ဝူးလန့်၍ ကိုယ်လေးတုန်တက်သွားရှာ၏။
"မင်ဂယူ...။ ..ငါပစ္စည်းတွေသိမ်းမလို့"
"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ"
ရေကူးဘောင်းဘီခပ်ကြပ်ကြပ်နဲ့ ထင်ပေါ်နေတဲ့မင်ဂယူ့ ခန္တာကိိုယ်ေတာင့်တင်းမှုက ၀န်ဝူးကို ရှက်သွေးဖြာစေသည်။ ခေါင်းအစခြေအဆုံး ခိုင်ခံ့တဲ့ဖွဲ့စည်းပုံနဲ့ မင်ဂယူဟာ အရင်ဘ၀က ဘယ်လိုဆုများတောင်းခဲ့လို့ပါလိမ့်။
"မမြင်ဖူးလို့ ကြည့်နေတာလား "
အခန်းတံခါးကို တစ်ဖက်ကပ်မှီလို့ မင်ဂယူလက်ပိုက်ပြောလိုက်မှ ၀န်ဝူးမျက်နှာလွှဲသွား၏။
"အန်ကယ့်ကိုပြောထားပြီးသားပါ၊ အခုကစပြီး ငါနဲ့မင်းနဲ့မသက်ဆိုင်တော့ဘူးလေ ကွာရှင်းစာချုပ်လည်းလက်မှတ်ထိုးခဲ့ပေးပြီးသား"
"ခင်များကိုယူထားတာ ကျုပ်လား ကျုပ်အဖေလား။ ဘယ်သူ့ကိုလင်မှားပြီး ကိုးကွယ်နေတာလဲ"
အ၀တ်တွေစီခေါက်နေတဲ့၀န်ဝူးလက်တွေ ရပ်တန့်သွားကာ ခေါင်းထဲက ချာချာလည်မူးထွက်သွားသည်။ မင်ဂယူ့ဆီက ဒီလိုစကားတွေပါ ကြားရမှဖြစ်မှာလား...။
"ပါးစပ်မပါတော့ဘူးလား ပြန်ဖြေလေ"
"မင်းမကျေနပ်တာသိပေမယ့် ငါ့မှာပြန်ပြောစရာမရှိဘူး"
"ကောင်းပြီ ကျုပ်ပဲပြောတာပေါ့။ အဲ့အ၀တ်တွေ သုံးစက္ကန့်အတွင်း မီးရှို့မခံချင်ရင် အခုချက်ချင်း ဗီရိုထဲပြန်ထည့်လိုက်"
အ၀တ်တွေဟာ ၀န်ဝူးအိမ်ကပါလာတာပဲရှိတာပါ၊ မင်ဂယူ့ဆီက ပူဆာဖူးတာမျိုးမရှိသလို မင်ဂယူ၀ယ်ပေးရင်တောင် ၀န်ဝူးမ၀တ်ပဲသိမ်းထားတတ်တဲ့ နောက်ဆုံး မင်ဂယူပဲ ပြန်ယူ၀တ်သွားတာမလား။
သို့ပေမယ့် ၀န်ဝူး သိမ်ငယ်ရတဲ့ဒီရပ်၀န်းကနေ ချက်ချင်းထွက်ခွာချင်နေပြီမို့ မင်ဂယူပြောတဲ့အတိုင်း အ၀တ်တွေ ဗီရိုထဲပြန်ထည့်ပေးလိုက်သည်။ ထို့နောက် လက်သန်းကြွယ်က လက်ထပ်လက်စွပ်လေးကိုပင် ချွတ်လို့ ထိုအ၀တ်ခေါက်တွေပေါ်မှာ တင်ထားပေးလိုက်၏။ မင်ဂယူကြည့်နေမလားမသိပေမယ့် ၀န်ဝူးကိုယ်ပေါ်က ၀တ်ထားတဲ့ မင်ဂယူ့အပေါ်ထပ်ကိုပင် ချွတ်လို့ လျှော်စက်ထဲ သွားထည့်ပေးလိုက်တော့သည်။
YOU ARE READING
Partner
Fanfictionminwon ff Myanmar. omegaverse,(smut) side couple_verkwan start date_ 16/8/2024 end date _