အပိုင်း_၁၄
......
"မောင်ရင်ဆိုလိုချင်တာ ဘာလဲ။"
"ဆွန်းဂွမ်နီးနာမည်နဲ့ ဘာသတင်းမှထွက်မလာအောင် တားစီးပေးပါ"
"အဟား...အဟားဟားဟားဟား...။ မောင်ရင်အဲ့လောက် အတွေးခေါင်ခိုက်မယ်မထင်ထားဘူး အဟင်း။ အဲ့လိုလုပ်ပေးလို့ အန်ကယ်ကဘာပြန်ရမှာမလို့လဲ မဟုတ်မှ မောင်ရင်က အဲ့omegaကို အန်ကယ့်သားနဲ့ထိုက်တန်တုန်းလို့ ထင်နေတာလား ။ အခုချိန်မှာ အဲ့omegaနဲ့ပက်သက်လို့ အန်ကယ်နဲ့မောင်ရင့်ကြားက အပေးအယူလည်းမရှိတော့တာ သိဖို့ကောင်းတယ်နော်။"
"ကျွန်တော်သိပါတယ် အန်ကယ်လိုချင်တာ ဘူဆွန်းဂွမ်ဆိုတဲ့ omegaကိုမဟုတ်ပဲ အန်ကယ်ကြိုးဆွဲရာလိုက်ကပြီး ဂင်အိမ်တော်ရဲ့မျိုးဆက်ကို လွယ်ပေးနိုင်မယ့်လူယုံတော်မလား"
"အဲ့တော့..."
"ကျွန်တော်လုပ်မယ်၊"
"ဘယ်လို..."
"အန်ကယ့်သားရဲ့မျိုးဆက်ကို ရတဲ့နည်းနဲ့ ကျွန်တော်ယူပေးမှာမို့ ကျေးဇူးပြုပြီး ဆွန်းဂွမ်နီးကို လူတောပြန်တိုးနိုင်အောင် ကူညီပေးပါ"
၀န်ဝူးရဲ့တောင်းဆိုချက်ကို ဂင်လူကြီးမင်းဟာ အတန်အသင့်စဉ်းစားရင်းမှ ဟက်ကနဲရယ်သည်။
"အဟွန်း စိတ်၀င်စားစရာပဲ။ ဒီလောကမှာ အန်ကယ့်သားရဲ့မျိုးဆက်ကိုလွယ်ပေးချင်နေတဲ့ omegaတွေဝိုင်းဝိုင်းလည်နေတဲ့ကြားက အန်ကယ်မင်းကို မဖြစ်မနေရွေးချယ်ရမယ့် အကြောင်းပြချက်က?"
"အန်ကယ့်သားအတွက် ဖြေဆေးကို ကျွန်တော့ pheromonesကနေပဲ ရနိုင်တယ်ဆိုတာထက် ပိုကောင်းတဲ့အကြောင်းပြချက်မရှိတော့ဘူးထင်တယ်"
ဖခင်အတွက်ပဲဖြစ်ဖြစ် ဥက္ကဌကြီးနဲ့အပေးအယူကို လက်လွှတ်ခံလို့မဖြစ်တာမို့ ၀န်၀ူးနောက်တစ်နည်းကြံစရတော့၏။
ဖုန်းတစ်ဖက်က မျက်ခုံးတစ်ဖက်ပင့်သွားတဲ့ မင်ဂယူ့အဖေသည်လည်း ၀န်ဝူးစကားမှာ ခြေချုပ်မိသွားခဲ့သည်။ဒါကိုသိသွားတဲ့ ၀န်ဝူးဟာ ထပ်မံဆိုလာခဲ့ပြန်သည်။
"......."
.......
"ငါနဲ့လက်ထပ်မလား မင်ဂယူ..."
YOU ARE READING
Partner
Fanfictionminwon ff Myanmar. omegaverse,(smut) side couple_verkwan start date_ 16/8/2024 end date _