part_23

721 84 42
                                    

အပိုင်း_၂၃

...

"ကိုကို့ genderကိုတစ်သမတ်တည်းဖြစ်အောင်လုပ်လို့ရသေးတယ်မလား"

မင်ဂယူ့အမေးကို ဓာတ်ခွဲခန်း၀တ်စုံ၀တ်ထားတဲ့အဖေက လှောင်ပြုံးလေသည်။

"မင်းမလုပ်နိုင်ပါဘူး"

"အဖေကတော့လုပ်နိုင်တယ်လေ ဟုတ်တယ်မလား.."

လက်လျှော့မှာမဟုတ်တဲ့မင်ဂယူ့စိတ်သဘောထားကို စကားကတစ်ဆင့်ခံစားမိတော့ ဂင်လူကြီးမင်း အနည်းငယ်ငြိမ်ကျသွားသည်။

"အဖေ့ရဲ့ကောက်ကျစ်တဲ့အကြံတွေကို ဒီမှာပဲရပ်လိုက်တော့ရင်ကောင်းမယ်။ အဖေလုပ်နေတာတွေက ကျွန်တော့အတွက်ဆိုပြီးဟစ်ကြွေးနေပေမယ့် တကယ်တန်း အဖေ့ရဲ့ ကမ္ဘာကျော်ချင်တဲ့စိတ်ကူးကြောင့်ပဲမလား"

"အဟွန်း...ငါသေရင်အဲ့နာမည်က ဘယ်သူ‌့အတွက်ကျန်ခဲ့မယ်ထင်လို့လဲ၊ လူဆိုတာ သေသွားရင်တောင် နာမည်မသေအောင်နေထိုင်တတ်ရတယ်။ ငါကအခုကြိုးစားနေတာမင်ဂယူ၊ ငါ့မျိုးဆက်အတွက် ကြီးမားတဲ့ဂုဏ်သတင်းကိုဖန်တီးပေးဖို့ ကြိုးစားနေတာ"

"အဲ့တာကြိုးစားနေတာမဟုတ်ဘူး တစ်စုံတစ်ယောက်ရဲ့ဘ၀ကိုထပ်ပြီးဖျက်စီးဖို့ စီစဉ်နေတာ၊ အဲ့တာယုတ်မာတယ်လို့ခေါ်တယ်"

"မင်ဂယူ!!"

"ကျွန်တော်ဒီထက်ပိုပြီးမကြည့်ချင်‌ေတာ့ဘူးအဖေ၊ အဖေ့ရဲ့အဲ့စိတ်ကူးတွေကိုလက်မလျှော့နိုင်ဘူးဆိုရင် ကျွန်တော်ကပဲအဖေ့ကိုလက်လျှော့ရလိမ့်မယ်"

"မင်းငါ့ကိုကျေးဇူးကန်းစကားမပြောနဲ့!...။ ဒါတွေအားလုံးက ဘယ်သူ့ကြောင့်စလာခဲ့တာလဲ။ အားလုံးမင်းကိုကယ်ချင်တဲ့စိတ်နဲ့ ငါစပြီး...'

"ကျွန်တော့ကိုကယ်ဖို့အတွက်နဲ့ တစ်စုံတစ်ယောက်ကိုချနင်းပေးပါလို့ ကျွန်တော်တောင်းဆိုခဲ့လို့လား။ ဘာလို့ကျွန်တော့ကိုပါ စိတ်မလုံအောင်ခံစားရဖို့ တွန်းအားပေးနေရတာလဲ။"

"ချနင်းတယ်...အဟား..။ငါကလား...။ မဟုတ်ဘူးမင်ဂယူ ငါကချနင်းတာမဟုတ်ပဲ မင်းကောင်ကိုယ်တိုင်ကကမ်းလှမ်းလာတာ သူ့အဖေကိုကယ်ပေးဖို့ ငါ့အတွက်ဘာမဆိုလုပ်ပေးပါမယ်ဆိုပြီး‌တော့..."

PartnerWhere stories live. Discover now