part_12

447 63 41
                                    

အပိုင်း_၁၂

.....

ကားသော့ကို လက်ကဝဲလို့ လေတချွန်ချွန်နဲ့ ဆေးရုံထဲ၀င်လာသူက မှိုရလာတဲ့မျက်နှာထားပေ။ ဘေးက ပါလာရတဲ့ ၀န်ဝူးမှာတော့ လည်ထောင်ဆွယ်တာနဲ့ တစ်ခါတည်း မျက်နှာကိုပါ ဆွဲဖုံးထားချင်လောက်အောင် ရှက်နေခဲ့၏။

"မောနင်းပါ ဆေးရံုအုပ်"

"အွန်း မောနင်း၊ "

သာမာန်နဲ့မတူ ပိုမိုတက်ကြွစွာ နှုတ်ဆက်နေတဲ့ မင်ဂယူ့ကို ဆရာ၀န်၊သူနာပြုများကလည်း အံ့ဩစွာကြည့်နေသည်။ သို့သော် ဂင်မင်ဂယူဟာ သူ့လမ်းသူ မြောက်ကြွကြွလျှောက်လို့ ဓာတ်လှေကားထဲ၀င်သွားလေ၏။ ၀န်ဝူးလည်း လိုက်၀င်လို့အပြီးမှာ အလုပ်တက်ချိန်မို့ တန်းစီ၀င်လာတဲ့လူအုပ်ကြောင့် တဖြည်းဖြည်း နံရံဘက် ပြားပြားလေးကပ်နေရတော့သည်။
ထိုအခါ မင်ဂယူဟာ ချောင်းတစ်ချက်ဟန့်လို့ ၀န်ဝူးကို သူ့နောက်ကျောဘက် ထည့်ဖွက်ပေးသည်။ မင်ဂယူ့ကိုတော့ ဘယ်သူကမှမတိုးရဲတာမို့ သက်သာသည်ဆိုရမလားမသိ၊ ၀န်ဝူးလည်း ထိုအခါမှ အသက်ရှူရှောင်သည်။

.......

"ဂွမ်နီးက ဒီနေ့ ခွင့်ယူတယ်တဲ့၊ နေမကောင်းလို့များလား..."

ရုံးခန်းထဲမ၀င်ခင် အရှေ့ကလျှောက်ရင်း ပြောနေတဲ့ မင်ဂယူ့ကို ၀န်၀ူးအနောက်မှ အကဲခတ်နေမိသည်။

"အာ ‌ဖြစ်နိုင်တယ်"

"ဟွန် ဘာကို"

"အတွင်းရေးမှုးBoo နေမကောင်းတာဖြစ်နိုင်တယ်လို့၊ အဲ့တာကြောင့် အခုသွားကြည့်ပေးလိုက်ပါလား တစ်ယောက်တည်းဒုက္ခရောက်နေမလားမသိဘူး။"

မင်ဂယူကအသာပဲ ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ရင်းဖြေလေသည်။

"ရတယ် ပြီးမှ ဟန်ဆိုးကိုလွှတ်လိုက်မယ်"

"အာ ဟန်ဆိုး..။ဟန်ဆိုးက ဒီနေ့အရေးကြီးသွားစရာရှိတယ်တဲ့ ၊ ပြီးတော့ ဆေးရုံအုပ် ဒီနေ့ အလုပ်မများဘူးမလား သွားပါ ဆွန်းဂွမ်ရှီးတစ်ယောက်တည်း အားငယ်နေလိမ့်မယ်"

မင်ဂယူဟာ ၀န်ဝူးစကားကို သံသရမ၀င်ပဲ လက်ခံပေးရှာသည်။ ထို့နောက် ‌အောက်ထပ်ပြန်ဆင်းသွားတော့ ၀န်ဝူးလည်းကျေနပ်စွာပဲ နောက်ကလိုက်ချောင်းဖို့ ကြံလိုက်၏။ ဟန်ဆိုးကိုတော့ မင်ဂယူ့ပြခန်းဘက် ခနသွားဖို့လို့ စာပို့ထားလိုက်သည်။

PartnerWhere stories live. Discover now