part_26

716 86 30
                                    

အပိုင်း_၂၆

.....

မင်ဂယူအလုပ်ခရီးကပြန်ရောက်တော့ ဧည့်ခန်းကြမ်းပြင်မှာလှဲပြီး TVကြည့်နေတဲ့ ၀န်ဝူးကိုတွေ့ရသည်။ ဘေးမှာ အမေလည်းရှိနေပြီး သရေစာတွေဖွားလန်နေအောင် စားထားကြသေး၏။
သို့သော် မင်ဂယူ၀င်လာတာကိုမသိကြပါပဲ အရှေ့ကTVကိုသာ အာရုံစိုက်နေကြရာ သိချင်စိတ်နဲ့ စပ်စုမိတော့ ဖန်သားပြင်မှာ တွေ့လိုက်ရသည်က ၀န်ဝူးသူငယ်ချင်း ဆွန်းချောဆိုတဲ့လူဖြစ်နေလေ၏။

ပြောင်မြောက်တဲ့ ဒီဇိုင်းလက်ရာနဲ့အတူ global fashion awardကိုရရှိခဲ့တဲ့ ဆွန်းချောအား ဖန်သားပြင်မှတစ်ဆင့်ကြည့်ရင်း ၀န်ဝူး ဂုဏ်ယူ‌ေနပံု‌‌ေပါ်သည်။ ပြုံးတုံးတုံးနဲ့ အမေနဲ့အတူ ချီးမွန်းခန်းဖွင့်နေတာလည်း မင်ဂယူ့အားသ၀န်တိုစေပြန်သည်။

"ကိုကို..."

မအီမသာမျက်နှာလေးကို ထိန်းရင်းမှ ခေါ်လိုက်တော့ အရောင်လဲ့လဲ့မျက်လုံးလေးတွေနဲ့ ပြုံး၍ စီးကြိုရှာပါသည်။ အခင်းပေါ်ကနေ ကုန်းထပြီး မင်ဂယူ့လက်ထဲက အိတ်ကိုဆွဲယူသည့်အပြင် ခြေဖျားထောက်ပြီး ‌မေးဖျားကို လာနမ်းလေ၏။

"ရွှတ်! ပြန်‌ေရာက်ပြီလား"

"အင်း ဘာလုပ်နေတာလဲ၊ ကျွန်တော့ကိုမလွမ်းဘူးလား"

"မလွမ်းပါဘူး "

အပြောနဲ့အလုပ်မညီသူလေးက မင်ဂယူ့ခါးကိုတိုးဖက်လို့ နှာခေါင်းလေးရှုံ့ပြနေတာ လွန်စွာမှ ချစ်ချင်စဖွယ်လေးပေ။ မင်ဂယူ့မှာ အမောပြေလို့ အူယားဖားယား ၀န်ဝူးမျက်နှာအနှံ့နမ်းရှုံ့ပစ်တော့ တခစ်ခစ်ရယ်နေပုံလေးက မျက်လုံးလေးတွေမှေးကျလို့ နှာသီးသေးသေးလေးက အပေါ်ကို မြောက်မြောက်တက်လာ‌ေသးသည်။
ဘေးကအမေ့ကိုပင် သတိမမူမိတော့သလို ၀န်ဝူးကိုပွေ့ချီလို့သာ အိမ်ပေါ်တက်ခဲ့လိုက်တော့သည်။ အခန်းထဲရောက်တော့ အဖြူရောင် အိပ်ယာခင်းလေးပေါ်ကို အသာအယာချပေးကာ ၀န်ဝူးလက်ထဲကအိတ်ကိုယူ၍ နေရာတကျသိမ်းဆည်းလိုက်သည်။ပြီးမှ အ၀တ်အစားလဲကာ ကုတင်ပေါ် ၀င်မှောက်လိုက်၏။

ထိုအခါ၀န်ဝူးပေါင်ပေါ်ကိုရောက်လာတဲ့ မင်ဂယူ့မျက်နှာလေးက ဖြစ်ညှစ်လို့အလွန်ကောင်းပြီး နှဖူးပြောင်အောင်သပ်တင်ထားတဲ့ဆံပင်တွေကို ၀န်ဝူးက ဖြည်ချလေသည်။

PartnerWhere stories live. Discover now