part_3

444 66 19
                                    

အပိုင်း_၃

.....

ဂင်အိမ်တော်ဟာ အပြင်ကကြည့်ရင် သာမာန်အိမ်ကြီးကြီးလို့သာ ထင်ရပေမယ့် အထဲကိုရောက်သွားချိန်တွင်တော့ ၀န်ဝူးပါးစပ်မစိနိုင်တော့ပါ။ အဖြူနဲ့အနက်ကို သင့်သလိုသုံးပြီး ပုံဖော်ထားတဲ့ အိမ်ဧည့်ခန်းကြီးက လူအယောက်တစ်ရာကျော်လောက်တော့ အေးဆေးလှဲအိပ်‌ေနလို့ရမည်။ ပေခြောက်ဆယ်နီးနီးမြင့်တဲ့ ဧည့်ခန်းမျက်နှာပြင်က တွဲလောင်းကျနေသော မီးဆိုင်းကြီးများမှာလည်း ခမ်းနားလွန်းလှကာ ကြမ်းပြင်မှအနက်ရောင်ကြွေပြားများဟာဖြင့် ကိုယ့်ပုံကိုယ်ငုံ့ကြည့်ယူရလောက်အောင်ထိ တောက်ပြောင်သန့်ရှင်းနေတော့သည်။

"အိမ်တော်ထိန်းဖြို.. ဒီကလေးကို သားအခန်းလိုက်ပြလိုက်ပါ။ ဟန်ဆိုးကိုလည်း သူ့အစ်ကိုနဲ့အတူအိပ်နေရင် မနိုးသွားအောင် သေချာရွှေ့ပေးလိုက်ပါဦး"

သူဌေးကတော်ဂင်သည် မင်ဂယူ့ကို မွေးထားသည်ဟု မတင်ရလောက်အောင် နုပျိုလွန်းသည်။ အသက်အားဖြင့်သေချာကြည့်ရင် သုံးဆယ်ကျော်လောက်သာရှိဦးမည်ဟုထင်ရပေမယ့် TVသတင်း‌ေတွအရမကြာခင်မှာပင် ၅၆နှစ်ပြည့်မွေးနေ့ပါတီကြီးကျင်းပတော့မှာဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့နောက် အိမ်တော်ထိန်းခေါ်ဆောင်ရာ အပေါ်ထပ်သို့ ၀န်ဝူးလိုက်ပါခဲ့ရလေပြီ။ လှေကားကြီးကိုကြည့်ပြီးတစ်ဖန် ၊ဂင်အိမ်တော်၏အမြင်က တမူတော့ထူးသည်ဟု ၀န်ဝူးကောက်ချက်ချမိသည်။ မြင်ဖူးနေကျ သူဌေးတွေအိမ်လို ကြောင်လိမ်လှေကားတခမ်းတနားကြီးတွေမဟုတ်ပါပဲ အပေါ်သို့တန်းတန်းပဲတက်သွားတဲ့အနက်ရောင် လှေကားကျယ်ကြီးက ရိုးရှင်းလွန်း၍ ခမ်းနားနေတော့သည်။ ၀န်ဝူးအထင်တော့ လှေကားမှာတင် ညအိပ်လိုက်ရလည်း တန်ပါသည်။

ထိုသို့နှင့် တတိယထပ်က Bossအခန်းကိုရောက်တော့ အိမ်တော်ထိမ်းက ရပ်လိုက်ကာ ၀န်ဝူးကိုလှည့်ကြည့်သည်။
ဦးလေးညွတ်ကာ အရိုသေပေးလာ‌ေလ၍ ၀န်ဝူးလည်းအရိုသေပေးမယ်ပြုလိုက်ပေမယ့် လျှင်မြန်လှတဲ့အိမ်တော်ထိန်းရဲ့လက်က ၀န်ဝူးကိုယ်ပေါ်ကအပေါ်ထပ်ဂျာကင်ကို ဆွဲယူသဖြင့် အလိုက်သင့်ချွတ်ပေးလိုက်မိသည်။ ထို့နောက်တွင်တော့ ဘာမပြောနဲ့ညာမပြောနဲ့၀န်ဝူးကိုရောက်နေတဲ့အခန်းရဲ့ ညာဘက်ထောင့်က လိုက်ကာလေးနောက် ထိုးထည့်သည်။

PartnerWhere stories live. Discover now