part_10

721 94 39
                                    

အပိုင်း_၁၀

.....

နိုင်ငံလုံးဆိုင်ရာ အလုပ်ပိတ်ရက်ဖြစ်ပါသော်လည်း ၀န်ဝူးတို့ရုံးတက်ရ၏။ ဒီနေ့တော့ ဆွန်းဂွမ်နောက်ကျနေတာမို့ ဟန်ဆိုးထံတစ်လှည့် ဆေးရုံအုပ်ထံတစ်လှည့် ကူညီပေးနေရသည်။ လကုန်ရက်တွင် ဆေးရုံ၏ နှစ်ပတ်လည်နေ့လည်းရှိတာကြောင့် ပျင်းရိနေသော ဟန်ဆိုးသည်ပင် မအားလပ်ခဲ့ချေ။

"ဟျောင်း ဒါလေး မင်ဂယူဟျောင်းဆီလက်မှတ်ထိုးခိုင်းပေးပါဦး"

"အွန်း ဟန်ဆိုးရား..."

တစ်ဖန် မင်ဂယူ့ရုံးခန်းထဲရောက်သွားပြန်တော့အရေးကြီးတဲ့ online meetingလုပ်နေတဲ့မင်ဂယူ‌့ရှေ့တွင် လက်လေးရှေ့ပစ်ယှက်ကိုင်လို့ စောင့်ဆိုင်းရပြန်သည်။ ဆယ့်ငါးမိနစ်လောက်နေမှ ၀န်ဝူးရပ်နေတာကိုသတိထားမိသွားသော မင်ဂယူက လာချပေးတဲ့ဖိုင်ကိုတစ်ချက်စစ်လို့ signထိုးပေး၏။ ထို့နောက် meetingလည်းအပျက်မခံပဲ ဖိုင်ကိုပြန်ယူသွားလို့ရပြီဖြစ်ကြောင်း လက်ရိပ်ပြ၍ ခိုင်းစေ၏။

သို့သော် ၁၀နာရီကျော်တော့ရောက်လာတဲ့ ဆွန်းဂွမ်ကြောင့် ၀န်ဝူးလည်းအနည်းငယ်အသက်ရှူချောင်သွားသည်။
ကိုယ်စီအလုပ်များနေတာမို့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာကို စေ့စေ့မကြည့်အားကြရာ ထမင်းစားနားချိန်ကိုကျော်လွန်လို့ နေ့လည် ၂နာရီထိုးမှပဲ အလုပ်ခုံကနေဖင်ကြွနိုင်ကြတော့၏။

ထိုအခါ နေကာမျက်မှန်ကြီးနဲ့အလုပ်လုပ်နေတဲ့ဆွန်းဂွမ်ကို ၀န်ဝူးကကြည့်ပြီးရယ်သည်။

"ဘာလဲ ရုံးခန်း‌ထဲမှာနေပူလို့လား ဆွန်းဂွမ်ရှီး"

"မျက်လုံးနာနေလို့"

"အော်...။ ထမင်းစားနားကြတော့မလား။ ဆေးရုံအုပ်တို့အတွက်လည်း ထမင်းသွားယူပေးရဦးမယ်"

ဟန်ဆိုးက သူ့အစ်ကိုရုံးခန်းမှာ ရောက်နေတာဖြစ်ပြီး အတွင်းရေးမှုးနှစ်ယောက်က ဟန်ဆိုးရုံးခန်းမှာ စုမိနေကြသည်မို့ပြောလိုက်ရာ ဆွန်းဂွမ်ကခေါင်းခါသည်။

"၀န်ဝူးပဲ လုပ်ပေးလို့ရမလား ကျွန်တော် ဒါလေးအပြီးသတ်လိုက်ချင်လို့"

PartnerWhere stories live. Discover now