part_13

606 93 33
                                    

အပိုင်း_၁၃

.......

သီးသန့်ခန်းကကုတင်မှာ ၀န်ဝူးပေါင်ကိုခေါင်းအုံးလျှက် အိပ်နေသူ မင်ဂယူ့ထံ ဖုန်းတစ်ခု၀င်လာခဲ့သည်။မင်ဂယူအိပ်ရေးပျက်မှာဆိုး၍ တုန်ခါနေသော ဖုန်းကို ၀န်ဝူးက ယူကြည့်တော့ အောက်ထပ်က သူနာပြုနာမည်ဖြစ်နေ၍ ကိုင်ပေးလိုက်၏။

"ဟယ်လို ဆေးရုံအုပ်နားနေလို့..."

"အတွင်းရေးမှူးကြီး နိုးလာပါပြီ ၊ ဟယ်လို...ဟယ်လို..ကြားရလားမသိဘူး."

၀န်ဝူးပေါင်ပေါ်ကမင်ဂယူမှာ တန်းကနဲထလို့ အောက်ထပ်ပြေးဆင်းသွားလေသည်။ ထို့နောက် ဖုန်းကိုပင်ပြန်မဖြေနိုင်ပဲ ၀န်ဝူးလည်း ပြေးလိုက်ခဲ့ရ၏။

VVIPခန်းထဲရောက်တော့ ဆွန်းဂွမ်ဘေးမှာ ဟန်ဆိုးကရှိမနေသဖြင့် ၀န်ဝူးမျက်လံုး‌ေလး‌ေ၀့လို့လိုက်ရှာနေမိသည်။ တစ်ညလုံးငိုထားရှာတော့ ဟန်ဆိုးလည်းပင်ပန်းနေတော့မှာမလား။ မင်ဂယူကတော့ သတိလည်လာတဲ့ ‌ဆွန်းဂွမ်ရဲ့ ပါးလေးတွေကို ဖွဖွပွတ်သပ်လို့ တော်တယ်ဟု တဖွဖွပြော‌ေပးနေရှာ၏။

"တော်တယ်...အကောင်းဆုံးလုပ်ခဲ့တာ "

သို့သော် ဆွန်းဂွမ်ဟာ ဒီလိုနိုးထမှုကို လက်မခံချင်ပုံရသည်။ လက်သီးကိုကျစ်ကျစ်ဆုပ်လို့ အသံတိတ်ငိုတော့ အကြောဆေးအပ်က လက်ကိုဖောက်စိုက်ကာ သွေးတွေ ယိုစိမ့်လာခဲ့၏။

"ဂွမ်နီး အဲ့လိုမလုပ်ရဘူးလေ ၊ လိမ္မာတယ်နော် "

မင်ဂယူဖျောင့်ဖျပေးနေချိန် အခန်းထဲပြန်၀င်လာတဲ့ ဟန်ဆိုးကို ၀န်ဝူးကတွေ့လိုက်ကာ နောက်ဆုတ်ပေးရင်း...ဟန်ဆိုးနောက်ကကြမ်းပြင်ကိုကြည့်မိလိုက်သည်။

"ဟင် .."

သွေးစိမ်းတို့တစ်စက်စက်ကျနေဆဲ လက်ထဲကခွဲစိတ်ဓားကို ကျစ်ကျစ်ဆုပ်လို့၀င်လာသူ ဟန်ဆိုးက ဟက်ကနဲရယ်ရင်း ဆွန်းဂွမ်အနားတိုးကပ်သွားခဲ့သည်။ ထို့‌ေနာက် သူ့အားမင်သပ်စွာကြည့်နေသော မင်ဂယူ့ကိုပင် ဘေးဖယ်ထုတ်လို့ ဆွန်းဂွမ်ပါးပြင်ကို မွှေးကြူလေ၏။

"ဂွမ်နီး...မင်းမငိုရဘူး..."

ထို့နောက် ဆွန်းဂွမ်နှာ‌ေခါင်းကအောက်စီဂျင်ခွက်လေးကို ငြင်သာစွာဆွဲဖြုတ်လို့ ခြောက်သွေ့နေတဲ့ ဖြူလွှလွှနှုတ်ခမ်းလေးကို ဟန်ဆိုးနမ်းရှိုက်ပြန်သည်။

PartnerWhere stories live. Discover now