part_15

689 81 44
                                    

အပိုင်း-၁၅

......

ဆေးရုံကိုလိုက်မယ်ဆိုတော့ အလိုက်မခံတဲ့ မင်ဂယူကြောင့် ၀န်ဝူးအိမ်မှာ ပျင်းနေရသည်။ သူ့ဟာသူ ကိစ္စကိုယ်စီရှိနေကြသော ယောက္ခထီး၊ယောက္ခမကတော့ ၀န်ဝူးမနိုးခင်တည်းက အိမ်ကထွက်သွားကြလေသည်။ မနက်စာကိုလည်း အိမ်တော်ထိန်းလာပေးတဲ့အတိုင်းသာ စားလိုက်ပြီး မင်ဂယူ့အခန်းကနေလည်း ခြေတစ်ဖဝါးမှ မခွာရဲဖြစ်နေရသည်။ တော်တော်ကြာ ဂင်အိမ်တော်ရဲ့ တန်ဖိုးကြီးပစ္စည်းတွေ ကိုယ့်ကြောင့် ထိမိခိုက်မိကုန်မှာ ၀န်ဝူးကြောက်လှ၏။ ဒါ့ပြင် ပိုင်ရှင်မရှိသည့်အတွက် စိတ်လုံလုံ မနေရဲခြင်းလည်းဖြစ်သည်။

"မဖြစ်တော့ဘူး ဒီတိုင်းနေရတာ ပျင်း‌လို့ သေတော့မှာပဲ"

ကိုယ့်အတွေးလေးနဲ့ကိုယ် မင်ဂယူ့ဗီဒိုထဲက တန်ဖိုးအနိမ့်ဆုံး တီရှပ်တစ်ထည်နဲ့‌ေဘာင်းဘီကို ယူ၀တ်လို့ ၀န်ဝူး ကိုယ့်အိမ်ကိုယ် ပြန်လာလိုက်သည်။ အိမ်ရောက်တော့ ဟိုဘက်အိမ်ကို သယ်သွားဖို့လိုတဲ့ အ၀တ်စားနဲ့ အသုံးဆောင်အချို့ကို တစ်ခါတည်းထုပ်ပိုးထားလိုက်၏။
ပြီးကာမှ တစ်အိမ်လုံးကို တတ်သလောက်မှတ်သလောက် သန့်ရှင်းရေးလုပ်ခဲ့ပြီး စာအုပ်ပုံရှင်းရင်းထွက်လာတဲ့ သင်္ချာမှတ်စုစာအုပ်လေးကို နှစ်လမ်းကျော်က အီချန်းအိမ်သွားပို့လိုက်သည်။

"၀င်ဦးလေ သား၊ ချန်းလေးက ကျောင်းသွားတယ် ၊ ညနေညနေဆို သူ့ဆရာကိုမျှော်နေရှာတာ။ လက်ထပ်ပွဲလည်း ဂုဏ်ပြုပါတယ်နော် ၀န်ဝူး..။ မလာဖြစ်လို့ အန်တီက စိတ်မကောင်းဖြစ်နေတာ"

"အာ ရပါတယ်အန်တီရယ်၊ ဦးလေးလာတာကျွန်တော်တွေ့လိုက်ပါတယ်၊ ပြီးတော့ ချန်းကို စာဆက်ပြပေးမှာပါ သူ့ကို‌လည်းပြောထားပြီးသား အဲ့တာကြောင့်စောင့်နေတာနေမှာ...."

"အဲ့လိုဆို အန်တီက ပိုကျေးဇူးတင်တာပေါ့ ချန်းကသားနဲ့မှဖြစ်တာ ကျန်တဲ့ဆရာခေါ်ရင် သူကတစ်ပြန်ဆရာပြန်လုပ်လွန်းလို့ ခဏခဏအတိုင်ခံရတာပါဆို"

"အဟွန်း ကလေးကထက်တော့ ပိုကောင်းတာပေါ့အန်တီရယ်။ အာ.ဒါနဲ့ ကျွန်တော်အလုပ်လေးရှိသေးလို့ သွားလိုက်ပါဦး‌မယ်နော် ညနေမှ ချန်းကိုစာပြဖို့ တစ်ခေါက် လာခဲ့ပါ့မယ်"

PartnerWhere stories live. Discover now