အပိုင်း_၂၀
.....
ဒီအတောအတွင်းမှာ မင်ဂယူဟာအလုပ်ကိုအချိန်မှန်ဆင်းလို့ အိမ်ပြန်နောက်မကျပဲပြန်လာတတ်သည်။ ပြန်လာတိုင်းလည်း ၀န်ဝူးစားချင်တဲ့ဟင်းအမျိုးမျိုးကို ကိုယ်တိုင်ချက်လို့ ဂရုတစိုက်ရွေးရှာသည်။ထို့နည်းတူ မင်ဂယူဟင်းချက်နေသည့်အချိန်ဆို ဘေစင်ပေါ်သွားထိုင်ပြီး မျက်တောင်မခတ်လိုက်ကြည့်တတ်တဲ့ ၀န်ဝူးက အနမ်းကြမ်းတဲ့မင်ဂယူ့သားကောင်ဖြစ်ရလေ၏။
"ပြွတ်!"
"အွန့်! ဟင်းအိုးတူးမယ်လို့.."
"မတူးပါဘူး"
ဟင်းအိုးတစ်ခါမွှေလိုက် တစ်ခါလာနမ်းလိုက်မို့ နောက်ဆုံး ၀န်ဝူးဘေစင်ပေါ်ကဆင်းပြေးရသည်။ ထိုအခါမှသာ တဟားဟားအော်ရယ်ရင်း အချက်အပြုတ်ကိုစိတ်နှစ်တော့ေသာ မင်ဂယူရယ်ပါ။
"ကိုကို ထမင်းစားမယ်၊ အမေ့ဟင်းကျတ်ပြီနော်"
အဖေဟာ ဓာတ်ခွဲခန်းမှာ အနေများတာမို့ မင်ဂယူရှိတဲ့ နှစ်ယောက်ကိုပဲ ကျန်းမာရေးနဲ့ညီညွတ်အောင်ချက်ကျွေးဖြစ်သည်။ တစ်ခါတစ်လေတော့လည်း ဘာချက်ချက်အကြိုက်မတွေ့ဘူးပြောနေတဲ့အမေ့ကြောင့် ဆီပြန်နဲ့၊အဖန် အစပ်တွေ အမျိုးမျိုးချက်ကျွေးဖြစ်ပါသည်။ ၀န်ဝူးဟာတော့ မင်ဂယူဘာချက်ချက် အကြိုက်တွေ့လေသည်။သို့သော် တစ်ခါစားလျှင်ကြောင်စာလောက်ကို၊ တို့ဆိတ်တို့ဆိတ်နဲ့ အချိန်စွဲစားတတ်လေရာ မင်ဂယူ့မှာ ထမင်းစားပြီးတိုင်း ၀န်ဝူးပြီးသည်ထိ ထိုင်စောင့်ရ၏။
ယခုလည်းထိုသို့ပင်၊ အစာပိတ်အနေနဲ့အချိုတည်းဖို့ ပေါက်စီလေးတစ်လုံးကျွေးလိုက်သည်ကို သွားလေးနဲ့တတိတတိကိုက်စားနေတာ ဘာကောင်လေးမှန်းမသိ၊ မင်ဂယူကေတာ့ထိုေပါက်စီကိုနှစ်ကိုက်တည်းနဲ့အပြတ်ရှင်းထားသည်မို့ ဗိုက်တင်းပြီး အိပ်ငိုက်လာတော့သည်။"ကိုကို ကျွန်တော်အိပ်ချင်နေပြီ"
ထိုအခါမှ ပြူးကြောင်ကြောင်လေး ခေါင်းမော့လာလို့..
"အွန် ငါပြီးတော့မှာ မြန်မြန်စားလိုက်မယ် ပြီးမှအတူတူအိပ်မယ်လေ"
YOU ARE READING
Partner
Fanfictionminwon ff Myanmar. omegaverse,(smut) side couple_verkwan start date_ 16/8/2024 end date _