part_19

512 80 35
                                    

အပိုင်း_၁၉

......

အောက်ထပ်ခန်းမှာ အိပ်စက်နေပါသော မင်ဂယူ၏စိတ်တို့က လွတ်တစ်ချက် မလွတ်တစ်ချက်။ ပြင်းပြနေတဲ့ ခန္ဓာကိုယ်အပူချိန်ဟာလည်း တဟုန်တိုးလို့ ၊ ယိုင်တိုင်တိုင်ခြေလှမ်းတွေနဲ့ ဦးတည်မိသည်က ၀န်ဝူးရှိနေမယ့် အပေါ်ထပ်အခန်းလေးသို့။

"ကျစ်!..ဟ့..."

သန်းခေါင်ယံရောက်မှ ညီးညူသံတစီစီနဲ့ အခန်းထဲရောက်လာတဲ့ မင်ဂယူကြောင့် ၀န်ဝူးလည်း လန့်နိုးသွားခဲ့သည်။ လျှင်မြန်စွာဖြင့်စားပွဲပေါ်က စာကြည့်မီးလေးကို လှမ်းဖွင့်တော့ ထွက်ပေါ်လာတဲ့ အလင်းပြပြနဲ့အတူ၊ နားထင်ကြောများတင်းထောင်လို့ အခက်တွေ့နေသော မင်ဂယူမျက်နှာကို‌ေတွ့လိုက်ရ၏။

"မင်ဂယူ..."

ဝုန်း'ဆိုသည့်အသံနှင့်အတူ အခန်းတံခါးကို အားနဲ့စောင့်ပိတ်ခဲ့ပါသော မင်ဂယူသည်ကား ၀န်ဝူးစကားကို မကြားခဲ့လေပြီ။တံခါးကိုနောက်ပြန်မှီလျှက် ကိုယ့်လည်ပင်းကိုယ် လက်နဲ့ခပ်ကြမ်းကြမ်းပွတ်သပ်နေတဲ့ အချိန် ၀န်ဝူးဟာလည်း စိုးရိမ်စိတ်ကြီးစိုးလို့ မင်ဂယူ့ထံရောက်လာခဲ့၏။

"မင်ဂယူဘာဖြစ်တာလဲ...ဘယ်နေရာနေမကောင်းလို့လဲ"

ခပ်သွက်သွက်လေးမေးရင်း လည်ပင်းကမင်ဂယူ့လက်တွေကို ဟန့်တားလိုက်တော့ ခံစားမိလိုက်တဲ့အပူချိန်။
ဖျားနေသည်ထင်ရပေမယ့် ရဲတက်လာတဲ့ မင်ဂယူ့မျက်လုံးသားတွေကြောင့် ၀န်ဝူးလည်းသိလိုက်ရပြီ...

"Rut၀င်နေတာလား မင်ဂယူ..."

"အွန်းမ်..ဟာ့..."

ထိုအခိုက်အတန့်မှာအသိစိတ်ပြန်၀င်လာသည်ထင်ရသော မင်ဂယူက ၀န်ဝူးကိုတွန်းဖယ်ဖို့ကြိုးစားပြန်သည်။ ထိန်းချုပ်ထားသည့်ကြားက ၀န်ဝူးထံရောက်လာခဲ့မိတာကိုလည်း မင်ဂယူ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်လို့မဆုံး...။ ဒါကိုရိပ်စားမိတဲ့၀န်ဝူးဟာလည်း သူ့အားတွန်းဖယ်နေသော မင်ဂယူ့လက်တွေကို ရှိသမျှအားနဲ့တောင့်ခံလို့ထားသည်။

"မင်းဟာမင်းမဖြေရှင်းနိုင်ဘူးမလား ငါကူညီပေးပါ့မယ်။ ငါ့ကိုယူလိုက် မင်ဂယူ..."

PartnerWhere stories live. Discover now