part_2

734 85 50
                                    

အပိုင်း_၂

......

"ဘူဆွန်းဂွမ်!."

အိမ်တံခါးpwကို အလွယ်တကူရိုက်ဖွင့်လာပြီး အခန်းထဲမှာရှိနေလောက်မည့် omegaကိုအသံပေးလိုက်ပေမယ့် တုန့်ပြန်မှုမရှိတာကြောင့် ဟန်ဆိုး လက်ထဲကမုန့်ထုပ်တွေကို ဧည့်ခန်းစားပွဲမှာတင်ကာ ဆွန်းဂွမ်ရှိနေမယ့်အခန်းသို့ ဦးတည်လိုက်သည်။
ထို့နောက် အခန်းတံခါးကိုအသာဟတော့ ဟန်ဆိုးမနေ့ကချွတ်ပေးခဲ့တဲ့တီရှပ်ကို လက်မှာပိုက်လို့ ကုတင်ခြေရင်းက သူ့ကိုယ်ပိုင် nestလေးထဲ ကွေးကွေးလေးအိပ်နေသော omegaကိုတွေ့လိုက်ရသည်။ ခေါင်းလုံးလုံး၊တင်ပါးလုံးလုံးလေးနဲ့ ဒီကောင်လေးက အင်မတန်ချစ်စရာ။ ခက်တာက ဘောင်းဘီပေါင်တိုလေး၀တ်ပြီး ဒူးကွေးထားသည်မို့ မလုံ့တလုံဖြစ်နေသည်က ဟန်ဆိုးကို အရှက်ပိုစေ၏။

"အဟမ်း..အဟွန်း။ ဆွန်းဂွမ်နား... တစ်ခုခုစားဖို့ ထဦး"

တင်ပါးလေးကို အသာပုတ်နှိုးတော့ နိုးလာတဲ့ဆွန်းဂွမ်က heatကာလ ကျင်းထဲကြပ်ထဲရောက်‌နေသည်မို့ ပင်ပန်းလို့နွမ်းလျှနေသည်။ မျက်နှာဝိုင်းဝိုင်းလေးက နာကျင်မှုအချို့ကြောင့် မဲ့ရှုံ့နေပြီး ဟန်ဆိုးကိုတွေ့တော့ လက်ကိုအတင်းဆွဲကာ ဟန်ဆိုး pheromonesတွေကို ရှူရှိုက်နေလေ၏။
dominant alphaရဲ့ pheromonesနဲ့ နှစ်သိမ့်ခံရတော့ အစောက မဲ့‌တဲ့တဲ့မျက်နှာလေးဟာ ပြေလျှော့လို့ ပြုံးယောင်သမ်းလာသည်။

"ငါမရှိရင် ဘယ်လိုလုပ်မလဲ မင်း.."

"မင်းမရှိရင် ဒီအသက်ရွယ်ထိ mateမရှိတဲ့ omegaဖြစ်နေရမှာမဟုတ်ဘူး။ အားလုံးမင်းကြောင့်ပဲ"

ဒီအချိန်မှာတောင် ရန်ပြန်လုပ်နိုင်သေးတဲ့ ဆွန်းဂွမ်ကို ဟန်ဆိုးလေးစားမိပါသည်။ သဘောကျလို့ တစ်ချက်ရယ်ပြီး အားပြန်ဖြည့်ဖို့ တစ်ခုခုထစားရန် တိုက်တွန်းသောအခါ independent omegaလေးက ခေါင်းငြိမ့်လက်ခံ၏။

"ချောကလက်စားချင်သေးလား"

"တော်ပြီ coffeeသောက်ချင်တာ"

"၀ယ်လာတယ် လောလောဆယ် ထမင်းအရင်စားပြီးမှ အဲ့တာသောက်လိုက်"

"သိပြီ မင်းပြန်ရင် အဲ့တီရှပ်ပေးထားခဲ့၊ မနေ့ကဟာက အနံ့မရှိတော့ဘူး"

PartnerWhere stories live. Discover now