part_1

1.3K 98 51
                                    

အပိုင်း_၁

.....

အစည်းဝေးကအပြန် ချွေးစို့နေတဲ့နှဖူးမှဆံပင်တွေကို  ခါချနေရသူမင်ဂယူ၏ မျက်ခုံးများက တွန့်ချိုးလို့နေသည်။ သူ့အနေနဲ့ ဘယ်လိုပဲ ဆေးရုံအုပ်ဖြစ်နေပါစေတော့ အလုပ်ချိန်ကြီးမှာကျန်းမာရေးပြဿနာ ဖြေရှင်းဖို့က အဆင်မပြေနိုင်။ အလျှင်အမြန်ပဲ ရုံးခန်းထဲပြန်၀င်လိုက်ကာ အတွင်းရေးမှုးပေါက်စလေးအား အခန်းနား ဘယ်သူမှအကပ်မခံဖို့ မှာထားလိုက်ရတော့သည်။

"appointmentတွေအားလုံး တစ်နာရီလောက် နောက်ရွေ့ထားပေး ဆွန်းဂွမ်၊ ဒီအတောတွင်း မင်းလည်း ငါမခေါ်မချင်းမလာခဲ့နဲ့"

"ဟုတ်ကဲ့ boss"

Omegaအလှလေးသည် အတွင်းရေးမှုးစားပွဲကိုကျော်လွန်ကာ ရုံးခန်း၏သီးသန့်အခန်းလေးထဲသို့၀င်သွားသော bossအတွက် အချိန်ဇယားများကို ဖြေရှင်းရတော့သည်။
ပုံမှန်ဆို bossမှာ အတွင်းရေးမှူးနှစ်ယောက်ထားရှိတတ်သည်။ တစ်ယောက်က လက်ရှိ ဆွန်းဂွမ်လုပ်နေရတဲ့ ဆေးရုံနဲ့ပက်သက်သမျှကို စီမံပေးရပြီး နောက်တစ်ယောက်က bossရဲ့ အိမ်ကအလုပ်အတွက် စီမံရသည်။ အိမ်ကအလုပ်ဆိုသည်မှာက boss၏သီးသန့်ကမ္ဘာငယ်ဖြစ်သော ရေဆေးပန်းချီပြခန်းနှင့်အတူ bossရဲ့ကျန်းမာရေးနဲ့ အိပ်ယာပေါ်က ကိစ္စကို ကူညီဖြေရှင်းပေးရသူဖြစ်၏။ကြားကောင်အောင် အတွင်းရေးမှုးလို့ ခေါ်ဝေါ်ထားပေမယ့် sex partner ဆိုလည်းမမှားချေ။

ယခုလောလောဆယ်တော့ ဒုတိယအတွင်းရေးမှုးနေရာမှာ လစ်လပ်နေသဖြင့် အလုပ်ဟူသမျှကဆွန်းဂွမ်ခေါင်းပေါ်၌သာ ပုံကျနေတော့သည်။

"ဒါပြီးရင် ပြခန်းသွားကြည့်ရဦးမယ်၊ ညရောက်တော့ ဟိုဒင်းဟိုဟာအတွက် ကြိုမစီစဉ်ထားရင် bossအဖေက ငါ့သတ်ဦးမယ် ။ ဆွန်းဂွမ်ရယ် မင်းဘ၀က ဘေးကြပ်နံကြပ်ပါလား"

နှုတ်မှ တီးတိုးငြီးတွားနေမိပေမယ့် လက်ကတော့ တာ၀န်ကျေပွန်စွာ ဆက်သွယ်ရမယ့် ဧည့်သည်တွေထံ ရိုကျိုးသောmailများ စီတန်းပို့နေလေ၏။

Bossအဖေရဲ့လူယုံတော်ဖြစ်နေတာကြောင့် omegaတွေဆို အလုပ်ခန့်ဖို့အတော်စဉ်းစားတတ်တဲ့ Bossကလည်း ယုံကြည်ပြီး သူ့အနားခေါ်ထား‌ေပးတာမို့ ဆွန်းဂွမ်ကျေးဇူးတင်မိပါသည်။သို့သော်ညားလည်း အချိန်ကြာလေ ပင်ပန်းလာလေဖြစ်သော နှစ်ယောက်စာအလုပ်တွေကြားမှာ ခေါင်းပင်မဖော်ချင်တော့သည်မှာ မှန်သောစကားဖြစ်ပါ၏။

PartnerWhere stories live. Discover now