part_21

612 83 39
                                    

အပိုင်း_၂၁

......

မြို့ပြရဲ့လမ်းမီးတိုင်အောက်မှာ အရပ်ရှည်ရှည်နဲ့အမျိုးသားတစ်ယောက်က သူ့ကိုတွေ့တော့လက်ပြနှုတ်ဆက်နေခဲ့သည်။ ထိုလူ၏အပြုံးတို့က ၀မ်းနည်းမှုတွေစွက်ဖက်နေခဲ့ပြီး ၊ ခဏအကြာမှာတော့ စိတ်ချသွားသည့်ဟန်နဲ့ အဝေးကိုပြေးထွက်သွားလေသည်။

"‌၀န်ဝူးဟျောင်း..ကျွန်တော့ကိုစောင့်ပါဦး...။ ဟျောင်းခြေလှမ်းတွေကကျယ်လွန်းတယ် ကျွန်တော်လိုက်မမှီဘူး..."

အနောက်ကပြေးလိုက်‌ေနသည့်ကြားက တရွေ့ရွေ့ပျောက်ကွယ်သွားတဲ့ကျောပြင်‌‌ခပ်ကျယ်ကျယ်မှာ ကြိုးလေးတွေ ရှိနေခဲ့လေသည်။ ထိုကြိုးတွေဟာ အဖြူရောင်မှအနီရောင်သို့ပြောင်းသွားတော့ ပြေးနေတဲ့၀န်ဝူးဟျောင်းရဲ့ခြေထောက်တွေ ရပ်တန့်သွားခဲ့ပြီး နောက်တစ်ကြိမ်ပြန်လှည့်ကြည့်ပြီး ပြုံးပြပြန်ပါသည်။

"ဆွန်းဂွမ်နီးက လိမ္မာတဲ့ကလေးပဲ၊ ဟျောင်းကိုမှီအောင်လိုက်ဖမ်းလေ.."

"ဟင့်အင်း ကျွန်တော်လိုက်နေပေမယ့် ဟျောင်းကိုမမှီဘူးဖြစ်နေတယ် ၊ အဲ့မှာပဲရပ်နေပါ‌လား"

"ဟျောင်းကဘယ်မှမသွားပဲ ဒီမှာပဲရပ်နေခဲ့တာ"

"ဟျောင်းလိမ်နေတာ၊ ကျွန်တော်အခုပြေးလာတာ ဟျောင်းကိုမမှီဘူးလေ...ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့လို့"

"ဟျောင်းကပင်ပန်းနေပြီ ဂွမ်နီးရဲ့။ အဲ့တာကြောင့် ဒီမှာနားနေတာ"

သို့ပေမယ့် ‌ကျွန်တော်ဘယ်လောက်ပြေးပြေး ‌လိုက်မမှီတဲ့၀န်ဝူးဟျောင်းဟာ နောက်ဆုံးတော့ ‌သူ့ကျောပေါ်ကကြိုးတွေက သူ့ကိုရစ်ပတ်ပြီး ပျောက်ကွယ်သွားခဲ့‌ေတာ့သည်။

"ဟင့်အင်း  ဟျောင်း!...ပြန်လာခဲ့ပါ...မသွားပါနဲ့ ဟျောင်းစိတ်ပူအောင်ကျွန်တော်မလုပ်တော့ပါဘူး။ ပြန်လာခဲ့ပါ ကျေးဇူးပြုပြီး"

"ဟျောင်း!!"

"ဟျောင်း!!!!!"

"ဟျောင်း!!!!!!!!"

"အား!!!!"

"အီရန်... အီရန်ထပါဦး အီရန်.."

ရုတ်တရက်အိပ်မက်က‌လန့်နိုးလာတော့ ဆွန်းဂွမ်ဘေးမှာ စစ်စတာကြီးရှိနေခဲ့သည်။ ထိုအခါမှ စိတ်က‌ေဖြသိမ့်မိသည်က အော် ဒါအိပ်မက်ပါလားလို့....။

PartnerWhere stories live. Discover now