part_7

672 80 22
                                    

အပိုင်း_၇

.....

"သူတို့နှစ်ယောက်ကတွဲထားလို့မရတော့ ၀န်ဝူးရှီးက ဟန်ဆိုးအတွင်းရေးမှူးလုပ်ပေးပါ"

‌ဆေးရုံအုပ်ဆီက ထိုအမိန့်ရထားပါသော်လည်း အလုပ်လာမတက်တဲ့ဟန်ဆိုးကြောင့် ၀န်ဝူးမှာ ရုံးခန်းထဲ ကြောင်တောင်တောင်သာ။ အလုပ်လည်းမရှိ၊ပျင်းကလည်းပျင်းတော့ ဂိမ်းလေးတစ်ပွဲလောက်ဆော့မည်ဟုစဉ်းစားလိုက်သည်။

ဂိမ်း‌ေဆာ့ပြီးသည်ထိ နေ့လည်စာစားချိန်တောင် မကျော်သေးတော့ မထူးတော့ပါဘူး၊ တစ်ရေးအိပ်လိုက်လည်း အဆင်ပြေသေးတာပဲဟုတွေးမိ၏။

ထိုသို့ဖြင့် အလုပ်စားပွဲပေါ်‌ေမး‌ေထာက်လျှက်အိပ်ပျော်သွားသော ၀န်ဝူးသည်၊ တစ်ဖက်ခန်းက ‌မင်ဂယူနှင့်ဆွန်းဂွမ် အလုပ်ဆင်းသွားသည်ကိုပင် မသိလိုက်ချေ။
နိုးလာတော့ ည၇နာရီဖြစ်နေပြီး အခန်းတွေကအမှောင်ကျလို့နေသည်။ ဆေးရုံဟာ၂၄နာရီဖွင့်ပါသော်လည်း ဆေးရုံအုပ်ရှိတဲ့အပေါ်ဆုံးထပ်ဟာ အခန်းတံခါးတိုင်းတွင် လက်ဗွေလိုသည်။
ဖွင့်နိုင်သူက မင်ဂယူနှင့်ဆွန်းဂွမ်သာ ရှိသည်မို့ ၀န်ဝူးအကြပ်ရိုက်တော့သည်။

ဆေးရုံဆိုတော့ သရဲရှိမှာလည်း စိတ်ပူစရာမလိုဘူး၊ နေရင်းထိုင်ရင်း ဂုတ်ခွစီးရင်တောင်ခံရမှာ။

‌မကြောက်သော်လည်း အနည်းငယ်တော့လန့်နေပုံရသည့်၀န်ဝူးက ဆေးရုံအုပ်ဆိုတဲ့ နံပါတ်ကို မဖြစ်မနေခေါ်ဆိုလိုက်ရတော့သည်။

.......

"ဗျာ!...ကျွန်တော်အခုလာခဲ့မယ် ၀န်ဝူးရှီး၊ မစိုးရိမ်နဲ့နော်"

မင်ဂယူ ရေချိုးပြီး ပန်းချီဆွဲနေတုန်း ၀န်ဝူးကဖုန်းဆက်၍ အကျိုးအကြောင်းပြောပြလာရာ ပြာယာခတ်သွားရသည်။ အချိန်ကဖြင့်လင့်လို့ မှောင်မဲသဲနေပြီ၊ အခန်းကျဉ်းထဲမှာ တစ်ယောက်တည်း ပိတ်လှောင်ခံထားရတော့ ဘယ်လောက်တောင် ကြောက်နေလိုက်ရှာမလဲ။
မင်ဂယူက ချက်ချင်းပဲ ကားသော့ကိုကောက်ယူကာ ဆေးရုံသို့ပြန်လာ‌ေလတော့သည်။

၀န်ဝူးမှာတော့ ဖုန်းအားလည်းမကျန်တော့တာမို့ flashမီးကဖွင့်လို့မရ၊ မီးခလုတ်တွေကလည်း remoteနဲ့ထိန်းချုပ်တဲ့စနစ်မို့ ဆေးရုံအုပ်ရုံးခန်းကနေသာ ဖွင့်လို့ရမည်ဖြစ်ရာ မှောင်ကြီးမဲမဲထဲ ဒူးလေးပိုက်လို့ ထိုင်နေရသည်။ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် မကြောက်တတ်ဘူးလို့ခံယူထားသော်လည်း အမှောင်ထဲ နေရတာကြာတော့ ထိပ်လန့်လာတာအမှန်ပေ။ တိတ်ဆိတ်လွန်းတဲ့အခြေနေကြောင့် နာရီလက်တံတွေရွေ့လျားနေသည်ကပင် အင်မတန်ကျယ်လောင်နေတာခံစားမိ၏။

PartnerWhere stories live. Discover now