part_27

665 83 30
                                    

အပိုင်း_၂၇

.....

dinner partyသည် ပျက်စီးသွားတဲ့အလျှောက် ခြံ၀န်းကျယ်ထဲက ဧည့်သည်တော်များက တစတစ လျော့နည်းသွားချေပြီ။
အိမ်လည်‌ဧည့်ခန်းက ဆိုဖာ‌တွင်တော့ ဂင်အိုမားနဲ့ ချွဲအမျိုးသမီးရှိနေခဲ့ပြီး မင်ဂယူ့ထံမှ ဒေါမောသံသည်လည်း အိမ်လုံးလျံ ပဲ့တင်ထပ်သွားခဲ့သည်။

" ..ဘာလို့အဲ့လိုလုပ်ရတာလဲ။ ဖြေလေဗျာ.."

"ဘာဖြစ်လာတာလဲသေချာပြောမှ‌ ငါကဖြေလို့ရမှာပေါ့ဟဲ့"

"အေးလေသားရယ် ဘာဖြစ်ဘာဖြစ်လာတာလဲ စိတ်အေးလက်အေးပြောစမ်းမှပေါ့"

ခက်ထန်မှုမှာ ပြောင်းကူး၍ မင်ဂယူ့ရဲ့ အသံတွေဟာ တစ်စတစ်စ ပိုကျယ်လာခဲ့သည်။
ထိုအချိန်၀န်ဝူးက တီလေးလက်ထဲကသမီးကိုနိုးသွားမည်စိုး၍ သမီးနဲ့အတူ အိမ်ပေါ်လှေကားတစ်၀က်လောက်ကို ခပ်သွက်သွက် တက်ထားလိုက်သည်။

"အခုထွက်နေတဲ့သတင်းတွေက တီလေးလုပ်လိုက်တာလားလို‌့မေးနေတာ"

"အော် ဘာများလဲလို့ မင်ဂယူရယ်။ အေးပေါ့  မနက်ဖြန်ဟန်ဆိုးထွက်လာတော့မှာဆိုတော့ သူ့နာမည်လည်း ရှင်းသင့်ပြီလေ၊ မဟုတ်ဘူးလား"

"အဲ့လိုဆိုရင်တောင် ဒီအကြောင်းကို အဆုံးထိဖုံးကွယ်ထားဖို့ ကျွန်တော်တောင်းဆိုထားတယ်မလား၊ အဲ့တာ ဟန်ဆိုးအတွက်ပဲလို့ ဘယ်နှခါပြောရမလဲဗျာ"

အလိုမကျစိတ်တွေနဲ့ မျက်စိမျက်နှာပျက်လို့ ပြောနေသည့်စကားအား တီလေးကပြုံး၍ ခေါင်းခါသည်။ မင်ဂယူ့မှာတော့ အသက်ရှူသံပြင်းပြလို့ ခေါင်းကို အကြိမ်ကြိမ်ထိုးဖွနေလေ၏။

"အဲ့တာက ဘယ်လိုလုပ်ဟန်ဆိုးအတွက်ဖြစ်မှာလဲ၊ ဘာမဟုတ်တဲ့အရာ‌ေတွအတွက်နဲ့ သူ့ဘ၀က အပြစ်သားတစ်ယောက်လိုရှင်သန်ရတော့မှာလား၊ ဟမ် လူတောမတိုးပဲ ဒီပုံစံအတိုင်း အသက်ဆက်ရှင်စေချင်တာလား မင်းက၊ မင်း ဒါတွေနားမလည်သေးဘူးမင်ဂယူရယ် မင်းအခုထိ ငယ်သေးတယ်"

"ကျွန်တော်ပြောတာ အဲ့သဘောမဟုတ်ဘူး၊ တကယ်ဆို ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော့ကို အနည်းကျဉ်းတော့ တိုင်ပင်ခဲ့သင့်တယ် ၊ အခုတော့ ဒီအချိန်ထိကျွန်တော်တို့ကာကွယ်ပေးခဲ့တာတွေ အလကားပဲပေါ့ဗျ။ တီလေးအခုလိုလုပ်လိုက်တာ အကြောင်းမဟုတ်ဘူး တကယ်လို့ဟန်ဆိုးပြန်ထွက်လာရင် သူ့အ‌ေနနဲ့ဆွန်းဂွမ်ကို ဘယ်လိုမျက်နှာပြရဲရှာ‌ေတာ့မလဲ"

PartnerWhere stories live. Discover now