part_17

420 77 71
                                    

အပိုင်း_၁၇

.....

မနက်တည်းက အစောထပြီး ကုတင်ပေါ်မှာ ၀မ်းလျှားမှောက်လို့ ၊အိပ်နေတဲ့၀န်ဝူးကို အမျိုးမျိုးကလိနေပါသော မင်ဂယူက ဘာစိတ်ကူးပေါက်လို့ ဒီနေ့တစ်ရက်အလုပ်မသွားလဲ မသိပါ။
မနေ့ညကဖြင့် သူငယ်ချင်းပါတီရှိလို့ဆိုပြီး လူမှန်းမသိအောင် မူးပြီးပြန်လာတာ သူမဟုတ်တဲ့အတိုင်း။

"မင်ဂယူ ငါအိပ်ချင်သေးတယ် "

၀န်ဝူးရဲ့ည၀တ်အင်္ကျီဖဲသားပျော့ပျော့လေးအောက် လက်လျှိုလို့ ရင်ဘက်ကို ဆော့ကစားနေသည်မို့ပြောလိုက်တော့ အနိုင်ကျင့်ပြီး ၀န်ဝူးကို သူ့အောက်ဆွဲပို့လို့ အပေါ်ကအုပ်မိုးလာသည်။
ထို့နောက် ၀န်ဝူးလည်တိုင်တွေကို တပြွတ်ပြွတ်နမ်းရှိုက်၏။

"မင်ဂယူ...ဖယ်ပေးပါ မနက်စောစောစီးစီး...ငါအဲ့လိုမနေချင်ဘူး"

"ဘာကိုမနေချင်တာလဲ "

နှုတ်ခမ်‌းလေးထော်လို့ မင်ဂယူ‌ေမးလာရာ ၀န်ဝူးဆက်မပြောတော့ပဲ ‌သူ့အလိုကျ ခေါင်းလေးဘယ်ညာစောင်းလို့ အသုံးတော်ခံရသည်။

"အရာတွေတော့မထင်ပါစေနဲ့လား ငါကလေးတွေကို စာသွားသင်ရင်..."

"ပြွတ်! ကလေးတွေ?... ပြောတော့ ချန်းတစ်ယောက်တည်းကို သင်ပေးနေတာဆို..."

"အ..အမ်း ။ အဲ့လိုပဲဖြစ်သွားတယ် ချန်းသူငယ်ချင်းမိဘတွေကလည်း အကူညီတောင်းတာနဲ့.."

"ကျစ်..အဲ့တာကိုမလုပ်စေချင်ပါဘူးဆို..."

ချက်ချင်းဆိုသလို သူအနမ်းပေးထားလို့ အနီရောင်သမ်းနေသော ၀န်ဝူးလည်ပင်းကအကွက်တွေကို လက်ညှိုးနဲ့တို့ထိလို့ပြောသည်။

"ငါအိမ်မှာ ဒီတိုင်းနေရတာပျင်းလို့ပါ၊ မင်းကဆေးရုံကိုလည်း ခေါ်မခိုင်းတော့"

"ကျွန်တော်က ကိုကို့ကိုခိုင်းစားဖို့ ယူထားတာမှမဟုတ်တာ ၊ ပျင်းအောင်ထားမိလို့လည်း တောင်းပန်ပါတယ်နော်..။ ဒီကရှေ့ ကိုကို့ကို အချိန်ပိုပေးနိုင်အောင် ကြိုးစားပါ့မယ်"

"ရပါတယ် အဲ့လောက်ကြီးလည်းမဟုတ်ဘူး ငါနေသားကျနေပြီ၊ အခုဆင်းပါတော့လား ငါဗိုက်အောင့်လို့"

PartnerWhere stories live. Discover now