အပိုင်း_၅
.....
"အဲ့တာဆို bossက pure alphaမဟုတ်ဘူးပေါ့"
"အွန်း"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ K_U hospitalရဲ့မျိုးဆက်က ဆေးစစ်ချက်မှားထွက်လာတယ်လို့"
ဆွန်းဂွမ် ညစာအတွက် ဂင်မ်ချီဂျီဂဲလေးချက်ရင်းမှ အရသာကိုမြည်းစမ်းရန် ဘေးကဟန်ဆိုးကို လက်ယက်ခေါ်လိုက်သည်။ ထို့နောက် စကားဆက်တော့..
"ဟျောင်းကျန်းမာရေးကြောင့် genderကို တိတိကျကျစစ်ယူလို့မရဘူးဖြစ်ခဲ့တာ အဲ့တာကြောင့် ဦးလေးက လွယ်လွယ်ကူကူ pure alphaလို့ သတ်မှတ်လိုက်တာထင်တယ်"
"အဲ့တာဆို တောက်လျှောက် pure alphaအနေနဲ့ပဲ ဆေးတွေဖော်လာလို့ သက်သာမလာတာပေါ့ ဟုတ်လား"
"အွန်း အခုတော့ ငါဖော်နေတဲ့ဆေးကြောင့် တိုးတက်လာပြီလေ"
တမင်ကြွားယူချင်ပေမယ့် ဆေးဖော်ရာတွင် ဆွန်းဂွမ်လည်းပါ၀င်ကူညီနေတော့ ဟန်ဆိုးပြောရင်းမှ အရှိန်သတ်လိုက်ရသည်။ ဒီတစ်ခေါက် စစ်ဆေးမှုမှာ မင်ဂယူရဲ့ genderက တိတိကျကျကိုထွက်လာခဲ့ပြီး ခြုံငုံပြောရရင် ဒါဟာ တိုးတက်လာတဲ့အခြေနေလို့ ခေါ်ဆိုနိုင်မည်။
........
"Morning Boss..ဒီလ ဘောက်ဆူးပေးဖို့ မမေ့ပါနဲ့ နှစ်ပတ်တိတိ အချိန်ပို ဆင်း ထား ရ တာ!"
ရုံးခန်းမရောက်ခင် ဓာတ်လှေကားထဲမှာတည်းက ပေစောင်းစောင်းကြည့်ပြီးပြောလာသူကြောင့် မင်ဂယူရယ်မိသည်။ ခေါင်းလုံးလုံးလေးကို ဖွပစ်ရင်း ..
"ဘောက်ဆူးအစား ဟန်ဆိုးကိုပေးမယ်လေ"
"အဲ့တာတော့ငြင်းပါရစေ"
ခင်တွယ်လာတဲ့ သံယောဇဉ်က ဟန်ဆိုးနဲ့တစ်ချိန်တည်းမို့ မင်ဂယူ့မှာ ဒီomegaပေါက်လေးနဲ့ဆို စိတ်လွတ်လပ်လွတ်နေနိုင်သည်သာ။ ဖြစ်စဉ်အရ omegaတွေဟာ အားနည်းတယ် ဖိနှိပ်ခံရဖို့လွယ်ကူတယ်ဆိုပေမယ့် ဟန်ဆိုးရှိနေခဲ့လို့ ဒီကလေးထိုအန္တရာယ်တွေမှ ကင်းရှင်းခဲ့၏။ တစ်ဖန် ဟန်ဆိုးကိုတော့ မင်ဂယူကပဲ ကာကွယ်စောင့်ရှောက်လာရင်း သုံးဦးသား၏ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆက်ဆံရေးလေးက ယခုထိခိုင်မြဲနေဆဲဖြစ်သည်။
YOU ARE READING
Partner
Fanfictionminwon ff Myanmar. omegaverse,(smut) side couple_verkwan start date_ 16/8/2024 end date _