part_25

900 92 52
                                    

အပိုင်း_၂၅

........

လူလားမြောက်တဲ့အချိန်ကစလို့ မှတ်ဉာဏ်တွေထဲ အဖေဆိုတာ မင်ဂယူ့အတွက် စူပါဟီးရိုးဖြစ်ခဲ့သည်။ အဖေဟာမလိမ်ဘူး၊ အဖေဟာမညာဘူး၊ အမြဲကတိတည်တဲ့အဖေ့ကို အမေ့ထက်ပင်ပိုချစ်ခဲ့လို့ ကျောင်းကပြိုင်တဲ့စာစီစာကုံးတွေမှာ အဖေ့ကိုသာ အထပ်ထပ်ချီးမွမ်းခန်းတင်ခဲ့တာ ၊ပထမဆုချိတ်လို့ ထိုဆုတံဆိပ်လေးအိမ်မှာအခုထိရှိနေဆဲ‌ေပ။

ကျောင်းကပြန်လာတိုင်း ဆိုဖာမှာခြေချိတ်ထိုင်နေတတ်တဲ့အဖေ့နားပြေးကပ်ပြီး အဖေပြောပြတဲ့ ဆေးပညာတွေကိုနားထောင်ရင်း မင်ဂယူ့ရဲ့အိပ်ယာ၀င်ပုံပြင်တွေဟာလည်း သူများနဲ့မတူတဲ့ အဖေ့ရဲ့သုတေသနအကြောင်းတွေသာ ထပ်ခဲ့သည်။

အဖေ့ရဲ့ငယ်အိပ်မက်ဟာ ကမ္ဘာကျော်တဲ့သုတေသီတစ်ဦးဖြစ်ချင်တာတဲ့...။ အဲ့အိပ်မက်ကို သားကဆက်ပြီးအကောင်ထည်ဖော်ပေးမယ်လို့ အထက်တန်းအောင်တော့ မင်ဂယူကတိပြုခဲ့မိသည်။
သို့ပေမယ့် ဉာဏ်ရည်နဲ့ထက်မြက်မှုတွေမှာ အဖေ့ကိုမယှဉ်နိုင်ခဲ့တော့ အဖေဟာလည်း ဖိအားမပေးခဲ့ရှာပေ။ အဲ့အစား သူ့အိပ်မက်ကို သူကိုယ်တိုင် ဆက်ကြိုးစားရင်း ဘ၀ရဲ့ အချိန်ပိုင်းခြားတစ်ခုရောက်တဲ့ထိတောင် ထိုအတ္တက ပျောက်ပျက်မသွားခဲ့။
အခုတော့ ငယ်ဘ၀ရဲ့ဟီးရိုးကြီးက မင်ဂယူ့အသက်မျှင်မျှင်ကို ဆွဲထုတ်လှုပ်ခတ်နေခဲ့တာများ ဘယ်နှကြိမ်မြောက် ဒူးထောက်မှ လက်လျော့မှာပါလိမ့်။

ကားစီယာတိုင်ပေါ်က မင်ဂယူ့လက်တွေဟာ အ‌ေကြာပြိုင်းပြိုင်းထနေခဲ့ပြီး ရင်တွင်းကနာကျင်ဟစ်ကြွေးမှုဟာ အသံထွက်မလာပဲ လည်ပင်း၀မှာ လာရောက်တစ်စို့နေခဲ့၏။

ထို့နောက် အဖေရှိနေမယ့် ဓာတ်ခွဲခန်းနားကိုရောက်တော့ ကားထဲကထွက်ထွက်ချင်း မင်ဂယူသက်ပြင်းရှည်ရှည် ဆွဲချမိ၏။

ဓာတ်ခွဲခန်းတံခါးမှာ လိုအပ်နေတဲ့လျို့ဝှက်နံပါတ်က ဘာများဖြစ်နေခဲ့မလဲ...။ ခြေသံကိုဖွဖွပြုလို့ နံပါတ်တစ်ခုကို နှိပ်ခဲ့ပါ၏။
ပထမဆုံး လျို့ဝှက်နံပါတ်ကို အဖေ့မွေးနေ့နဲ့ဖွင့်တော့ မအောင်မြင်ခဲ့၊ အမေ့မွေးနေ့နဲ့လည်းမကိုက်ညီ နောက်ဆုံးကျန်တဲ့ အခွင့်ရေးတစ်ခေါက်မှာတော့ မင်ဂယူအလေးနက်စဉ်းစားရတော့သည်။ အဖေနဲ့အမေရဲ့ မင်္ဂလာနှစ်ပါတ်လည်နေ့မှမဟုတ်ရင် မင်ဂယူ့မွေးနေ့များလား...။
နောက်ဆုံးမျှော်လင့်ချက်နဲ့ ကိုယ့်မွေးနေ့နံပါတ်ကိုရိုက်ထည့်လိုက်မှ ပွင့်လာတဲ့တံခါးနဲ့အတူ မင်ဂယူ့ရင်ဟာ ကွဲအက်သွားခဲ့သည်။

PartnerWhere stories live. Discover now